ဥရောပသမဂ္ဂ၏ပိတ်ဆို့မှုများ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကိုထိခိုက်နိုင်

ဥရောပသမဂ္ဂ၏ပိတ်ဆို့မှုများ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကိုထိခိုက်နိုင်

ဥရောပသမဂ္ဂက ရုရှားနိုင်ငံ၏ရေနံ ထွက်ကုန်ပစ္စည်းများကို တားမြစ်ပိတ်ဆို့မှုများသည် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကိုထိခိုက်နိုင်ကြောင်း လေ့လာသူများက ထောက်ပြထားသည်။

ဥရောပသမဂ္ဂက ရုရှားနိုင်ငံထုတ် ဒီဇယ်နှင့်လေယာဉ်ဆီများအပါအဝင် ရေနံထွက် ကုန်ပစ္စည်းများကို တားမြစ်ပိတ်ဆို့မှုသည် ဖေဖော်ဝါရီ ၅ ရက်တွင်စတင်အသက်ဝင်မည်ဖြစ်ပြီး  ထိုသို့ပိတ်ဆို့မှုများကြောင့် ရုရှား၏ထုတ်လုပ်မှုနှင့် ရေနံသန့်စင်မှုပမာဏတို့ကို လျော့ကျသွားစေမည်ဖြစ်ကြောင်း လေ့လာသူများကပြောသည်။

ဥရောပသမဂ္ဂအနေဖြင့် ရုရှားမှရေနံထွက်ကုန်များကိုတားမြစ်ပိတ်ဆို့လိုက်သော်လည်း ရုရှားအနေဖြင့် ၎င်း၏ကုန်ပစ္စည်းများအတွက် ဈေးကွက်အသစ်ကိုရှာဖွေမည်ဖြစ်ပြီး ထိုသို့ရှာဖွေခြင်းမှာ ရုရှားအတွက် အဓိကစိန်ခေါ်မှုကြီးတစ်ခုဖြစ်မည်ဖြစ်ကြောင်း Bernstein  ကုမ္ပဏီမှအကြီးတန်းသုတေသီ လန်မိုးကပြောသည်။

လက်ရှိတွင် ရုရှားနိုင်ငံက ၎င်း၏ရေနံစိမ်းများကို လျှော့ဈေးဖြင့်ရောင်းချပေးလျက်ရှိရာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က အများဆုံး ဝယ်ယူထားသည်။

ပြီးခဲ့သည့်လတွင် ရုရှားနိုင်ငံအနေဖြင့် အာဖရိကဒေသနှင့် မြေထဲပင်လယ်ဒေသသို့ ဒီဇယ်ဆီများပိုမိုတင်ပို့ကာ ဈေးကွက်ချဲ့ထွင်ထားနိုင်ကြောင်း သိရသည်။

Ref: RT