ဟောင်ကောင်သို့ ခရီးသွားများပိုမိုဝင်ရောက်စေရန် လေယာဉ်လက်မှတ်အစောင်ငါးသိန်းကို အခမဲ့ပေးမည်

ဟောင်ကောင်သို့ ခရီးသွားများပိုမိုဝင်ရောက်စေရန် လေယာဉ်လက်မှတ်အစောင်ငါးသိန်းကို အခမဲ့ပေးမည်

 

 ဟောင်ကောင်အစိုးရက ဒေသအတွင်းသို့ ခရီးသွားများပိုမိုဝင်ရောက်လာစေရန်ရည်ရွယ်၍ လေယာဉ်လက်မှတ်အစောင် ငါးသိန်းကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်ချိန်က ကမ္ဘာ့အချက်အချာနေရာတစ်ခုဖြစ်ခဲ့သည့်ဟောင်ကောင်ဒေသသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလကြောင့် ခရီးသွားစီးဆင်းမှုများ အဆမတန်နည်းပါးသွားသည်။

ယခုအချိန်တွင် ဒေသအတွင်းသို့ဝင်လာမည့်သူများအနေဖြင့် သီးသန့်ခွဲနေရန်မလို၊ ကွာရန်တင်းဝင်ရန် မလိုသည့်အပြင် ၎င်းတို့အတွက် မည်သည့်ကန့်သတ်ချက်မျှမရှိတော့ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကပြောသည်။

ထို့ကြောင့် လေယာဉ်လက်မှတ်အစောင် ငါးသိန်းအခမဲ့ပေးမည့်အစီအစဉ်ကို အကောင်အထည်ဖော်ရခြင်းဖြစ်ပြီး ထိုအစီအစဉ်ကို မတ်လတွင်စတင်သွားမည်ဖြစ်ကာ နောက်ထပ်လေယာဉ်လက်မှတ်အစောင် ၈၀၀၀၀ ကိုလည်း  ဒေသခံများအတွက်စီစဉ်ပေးသွားမည်ဖြစ်သည်။

ထို့အတွက် ယခုကဲ့သို့ကမ်းလှမ်းမှုမျိုးသည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး ကမ်းလှမ်းမှုဖြစ်ကြောင်း  ဟောင်ကောင်အုပ်ချုပ်ရေးမှူးဂျွန်လီကပြောသည်။

ပြီးခဲ့သည့်သုံးနှစ်အတွင်း နိုင်ငံတကာမှကုမ္ပဏီပေါင်း ၁၃၀ ကျော်က ဟောင်ကောင်ရှိ ၎င်းင်းတို့၏ရုံးခွဲများကိုပိတ်လိုက်ရသည်။

၂၀၂၂ ခုနှစ်တွင်မူ ပြည်ပခရီးသွားအယောက် ခြောက်သိန်းကိုသာလက်ခံရရှိထားသောကြောင့် ၂၀၁၈ ခုနှစ်ကထက် ၁ ရာခိုင်နှုန်းလျော့ကျသွားသည်။      

Ref: Bangkok Post