အင်းစိန်မြို့နယ် မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် အခမ်းအနားနှင့် ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနားကျင်းပ

အင်းစိန်မြို့နယ် မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် အခမ်းအနားနှင့် ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနားကျင်းပ

  နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

                        ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေကဘုရား အနေကဇာတင်အခမ်းအနားနှင့် ဗုဒ္ဓပူဇနိယပွဲတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ပြုလုပ်ရာ အင်းစိန်မြို့နယ် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်(ရွှေကျင်) အသောကာရုံ ရွှေကျင်စာသင်တိုက်ဉီးစီး ပဓာနနာယက ဘဒ္ဒန္တနန္ဒသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဉီးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။                                   

               ဉီးစွာ တက်ရောက်လာကြသူများက  ဆရာတော်       ဘဒ္ဒန္တနန္ဒသာရထံမှ (၉)ပါး သီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များ ရွတ်ပွားသော ပရိတ်တရား တော်များကို နာယူကာကြွရောက်လာကြသည့် သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။   ထို့နောက်     ဆရာတော်ဘဒ္ဒန္တ နန္ဒသာရ ထံမှ အနုမောဒနာတရားကို    နားကြား၍ ရေစက်သွန်ချ အမျှပေးဝေကြပြီး  သံဃာတော်(၁၈)ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူ ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။