မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်းသူရိယ လှသောင်းကျောင်း)၏ ပညာရည်ချွန် ဘက်စုံထူးချွန်   ဆုပေးပွဲကျင်းပ

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်းသူရိယ လှသောင်းကျောင်း)၏ ပညာရည်ချွန် ဘက်စုံထူးချွန်   ဆုပေးပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၄

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(အောင်ဆန်းသူရိယ လှသောင်းကျောင်း)၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ပညာရည် ချွန်ဘက်စုံထူးချွန် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင်  ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ကျောင်း အကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် တီးခတ်သီဆိုကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်ဆုရရှိသူများ၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အသက်(၁၀) နှစ်မှ(၁၅)နှစ်အတွင်း အမျိုးသားတယော အတီးပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိသူ နှင့် ( ၆ )ဘာသာဂုဏ်ထူးရှင်( ၇ )ဉီး ၊( ၅ ) ဘာသာ ဂုဏ်ထူးရှင်( ၁၄ )ဉီး၊( ၄ ) ဘာသာ ဂုဏ်ထူးရှင် ( ၂၃ )ဉီး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၁၄)ဉီး ၊  ( ၂ )ဘာသာဂုဏ်ထူးရှင်( ၂၄ ) ဉီး၊ (၁)ဘာသာဂုဏ်ထူးရှင်( ၆၈ )ဉီးတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။