မွန်ပြည်နယ်အစိုးရအဖွဲ့၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၄
မွန်ပြည်နယ်အစိုးရအဖွဲ့၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ သံလွင်ဉယျာဉ်တောင်ဘက်ကွင်း၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်  မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ထမနဲထိုးအသင်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် ထမနဲထိုး အသင်းများ၏ ထမနဲထိုး ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
    ယင်းနောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိ ကြသည့် ပြိုင်ပွဲဝင်  အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ အထူးဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင ်အသင်းများအား တိုင်းမှူးက လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့်  အသင်းများအား တာဝန်ရှိသူများက လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြသည်။
    အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်း (၅၁)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။