ဗြိတိန်ပြည်သူများ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ရေဖိုးများ အဆမတန် မြင့်တက်မှုနှင့် ရင်ဆိုင်ရမည်

ဗြိတိန်ပြည်သူများ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ရေဖိုးများ အဆမတန် မြင့်တက်မှုနှင့် ရင်ဆိုင်ရမည်

    ဗြိတိန်ပြည်သူများ အနေဖြင့် လာမည့်ဧပြီလမှစ၍ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ရေဖိုးများ အဆမတန်မြင့်တက်မှုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း  Water UKအဖွဲ့ က ကြေညာထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တစ်ရက်လျှင် ရေဖိုးပျမ်းမျှ ၁ ဒသမ ၂၃ ယူရိုခန့် ပေးရမည်ဖြစ်ကာ တစ်နှစ်လျှင် ၄၄၈ ယူရို ခန့် ပေးချေရမည်ဖြစ်သည်။ ထိုပမာဏသည် ၂၀၂၂ ခုနှစ်ကထက် ၃၁ ယူရိုကျော်  ပိုများလာခြင်းဖြစ်သည်။

ဗြိတိန်အိမ်ထောင်စုငါးစုလျှင် တစ်စုသည် ရေဖိုးပေးချေရန် အခက်အခဲရှိနေကြောင်း သတိပေးမှုများရှိနေသည့်ကြား ကပင် ယခုကဲ့သို့ ရေဖိုးကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အလားတူ ယခုကဲ့သို့ ရေဖိုးကို တိုးမြှင့်ခြင်းသည်  စွမ်းအင်အကျပ်အတည်းကြောင့် အခက်အခဲတွေ့နေသည့် အိမ်ထောင်စုများကို အကျပ်ရိုက်စေမည်ဖြစ်ကြောင်း စားသုံး သူအဖွဲ့များကလည်း သတိပေးထားသည်။

သို့သော် ယခုတိုးမြှင့်လိုက်သည့်ရေဖိုး သည် ငွေကြေးဖောင်းပွမှုနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့်တွင်သာ ရှိကြောင်း  Water UKကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ဗြိတိန် နိုင်ငံတစ်ဝန်း ဖြစ်ပေါ်ခဲ့သည့် အရပ်ရပ် ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။