နို့တိုက်သတ္တဝါများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်သည်ကိုတွေ့ရှိ ၊ လူသားများသို့ ကူးစက်နိုင်ခြေနည်းပါး

နို့တိုက်သတ္တဝါများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်သည်ကိုတွေ့ရှိ ၊ လူသားများသို့ ကူးစက်နိုင်ခြေနည်းပါး

    မကြာသေးမီက  လုပ်ဆောင်ခဲ့သော လေ့လာမှုများအရ မြေခွေးများ၊ ဖျံများ၊ ေ>မပါများ၊ ပင်လယ်ဖျံများနှင့် မြောက် အမေရိကဝက်ဝံများ အပါအဝင် နို့တိုက်သတ္တဝါများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသည်ကို တွေ့ရှိရသော်လည်း လူသားများသို့  ကူးစက်နိုင်ခြေနည်းပါးကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဥရောပနှင့်  အမေရိကတိုက်တို့တွင် ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှစ၍ အဆိုးဝါးဆုံးသော ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက် ပျံ့နှံ့မှုနှင့် ရင်ဆိုင်ရသည်။

အဆိုပါကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းရှိ မွေးမြူရေး တိရစ္ဆာန်သန်းပေါင်းများစွာကို သုတ်သင်လိုက်ရသည်။ ထိုသို့ကူးစက်ပျံ့နှံ့ရာတွင် တွေ့ရှိရသော ရောဂါပိုးမှာ  ံ၅ြ၁ ရောဂါပိုးဖြစ်သည်။ ထို့ပြင် ယင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းရှိ    ငှက်မျိုးစိတ်ဝင်တိရစ္ဆာန် ထောင်ပေါင်းများစွာ သေဆုံးရသည်။

ယခုဖြစ်စဉ်ကို   တိရစ္ဆာန်များကြား ဖြစ်ပွားသည့်ကပ်ရောဂါအဖြစ် သတ်မှတ်နိုင်ကြောင်း လန်ဒန်အင်ပီရီယယ် ကောလိပ်မှ ရောဂါပိုးမွှားဗေဒပညာရှင် တွမ်ပီးကော့ကပြောသည်။

ကြက်ငှက်တုပ်ကွေးရောဂါပိုးက နို့တိုက်သတ္တဝါများသို့ ကူးစက်သည်မှာ အလွန်ရှားပါးသော ဖြစ်စဉ်ဖြစ်ကြောင်း၊ အရှားပါးဆုံးမှာ ထိုရောဂါပိုးက လူသားများသို့ ကူးစက်ခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ငှက်မျိုးစိတ်ဝင်များတွင်သာ ဖြစ်ပွားသောရောဂါပိုးက ယခုကဲ့သို့နို့တိုက် သတ္တဝါများသို့ ကူးစက်မှုသည်   ရောဂါပိုး၏ မျိုးရိုးဗီဇ ပြောင်းလဲခြင်းကြောင့်ဖြစ်ကြောင်း၊ သို့သော် လူသားများသို့ ထိုရောဂါပိုး ကူးစက်ရန်မှာမူ နောက်ထပ်မျိုးရိုးဗီဇ ပြောင်းလဲမှုများဖြစ်ပေါ်ရန်လိုအပ်ကြောင်း    ရောဂါပိုးမွှားဗေဒပညာရှင်က ဆိုသည်။

ထို့ပြင် မြေခွေးများ၊ ဝက်ဝံများကဲ့သို့ နို့တိုက်သတ္တဝါများတွင် အဆိုပါရောဂါပိုး ကူးစက်ခြင်းသည် ယင်းရောဂါပိုး ကူးစက်ခံထားရသော ငှက်များကို   ထိုသတ္တဝါများကစားသုံးမိခြင်းကြောင့်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောထားသည်။

အကယ်၍   လက်ရှိဖြစ်ပွားနေသော  H5N1  ရောဂါပိုးက လူသားများကို ကူးစက်နိုင်သည်အထိ မျိုးရိုးဗီဇပြောင်းလဲလာပါက လက်ရှိအသုံးပြုနေသော တုပ်ကွေးရောဂါ ကာကွယ်ဆေးများကို အဆင့်မြှင့်တင်ခြင်းဖြင့် အလွယ်တကူ ကာကွယ်နိုင်ကြောင်း တွမ်ပီးကော့က ပြောထားသည်ဟု  သိရသည်။