၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသား/ အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲ ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသား/ အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ -

      ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသား/ အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကမ်းနားလမ်းနှင့် ရူခင်းသာလမ်းဆုံရှိ စစ်တွေမြို့စာတိုက်ကြီးရှေ့၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်လူငယ်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

     ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် အားကစားသမားများကို အချက်ပြ သေနတ်ပစ်ဖောက် အချက်ပေး၍ တာလွှတ်ပေးရာ ပြိုင်ပွဲဝင် အားကစားသမားများက ကမ်းနားလမ်း-ရူခင်းသာလမ်း- စစ်တွေဗျူးပွိုင့်-စစ်တွေဟိုတယ်ရှေ့ပွိုင့် လမ်းခြေနှင့် စာတိုက်ကြီးရှေ့စုရပ်နေရာသို့ ပြန်လည်ပန်းဝင်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။