တောင်ကိုရီးယား၌ ငါးဖမ်းလှေတစ်စင်းနစ်မြုပ် လူကိုးဦးပျောက်ဆုံးနေ

တောင်ကိုရီးယား၌ ငါးဖမ်းလှေတစ်စင်းနစ်မြုပ် လူကိုးဦးပျောက်ဆုံးနေ

တောင်ကိုရီးယားနိုင်ငံ အနောက်တောင် ပိုင်း ကမ်းရိုးတန်းအလွန်၌  ငါးဖမ်းလှေ တစ်စင်းနစ်မြုပ်မှုဖြစ်ပွားရာ  လူကိုးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ကမ်းခြေ စောင့်တပ်ဖွဲ့မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပျောက်ဆုံးနေသူများကို ဖေဖော်ဝါရီ ၅ ရက်အထိ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

အလေးချိန် ၂၄ တန်ရှိသည့် ငါးဖမ်း လှေတစ်စင်းသည် ဒဲဘီချီကျွန်း၏အနောက် ဘက် ၁၆ ဒသမ ၆ ကီလိုမီတာအကွာ ရေပြင်၌နစ်မြုပ်သွားကြောင်း ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၉ မိနစ်တွင်သတင်းရရှိသည်ဟု တာဝန်ရှိသူ များကပြောသည်။

အဆိုပါလှေပေါ်၌ နိုင်ငံခြားသားသုံးဦး အပါအဝင် စုစုပေါင်းလူ ၁၂ ဦးပါဝင်ကြောင်း၊ ၎င်းတို့အနက် သုံးဦးကို အနီးရှိလှေတစ်စင်း ကကယ်ဆယ်ပြီး ဆေးရုံသို့ပို့ပေးလိုက်နိုင် ကြောင်း တာဝန်ရှိသူများက  ဆက်ပြောသည်။

လက်ရှိတွင် ကမ်းခြေစောင့်တပ်ဖွဲ့သာမက ရေတပ်မှသင်္ဘောများ၊ အခြားသောငါးဖမ်း လှေများ၏ အကူအညီဖြင့် ကယ်ဆယ်ရေး လုပ်ငန်းကိုလုပ်ဆောင်နေကြောင်း သမုဒ္ဒရာ ရေးရာဝန်ကြီး  ချိုဆောင်းဝမ်က ပြောသည်။

ထို့အတူ  တာဝန်ရှိသူများအနေဖြင့် စွမ်းအားအကုန်အသုံးပြုပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် တောင်ကိုရီးယားသမ္မတက ညွှန်ကြားထားကြောင်းသိရ သည်။                     

Ref:Yonhap