အရပ်ဘက်သုံးမိုးပျံဘောလုံးကို အမေရိကန်က တိုက်လေယာဉ်သုံးပြီးပစ်ချမှု မလိုအပ်ဘဲ ဇာချဲ့ခြင်းဖြစ်

အရပ်ဘက်သုံးမိုးပျံဘောလုံးကို အမေရိကန်က တိုက်လေယာဉ်သုံးပြီးပစ်ချမှု မလိုအပ်ဘဲ ဇာချဲ့ခြင်းဖြစ်

အမေရိကန်နိုင်ငံ၏ကောင်းကင်ယံတွင် ရောက်ရှိနေသည့်  တရုတ်နိုင်ငံမှ အရပ်ဘက်သုံးမိုးပျံဘောလုံးကို   အမေရိကန်က တိုက်လေယာဉ်အသုံးပြုပြီးပစ်ချမှုသည် မလိုအပ်ဘဲဇာချဲ့ခြင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်တွင်ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်၏ကောင်းကင်ယံပေါ်တွင် တရုတ်နိုင်ငံမှ ကင်းထောက်မိုးပျံဘောလုံးတစ်လုံးကို တွေ့ရှိသည်ဟု  ပင်တဂွန်စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်ကြေညာသည်။

ထိုမိုးပျံဘောလုံးသည် အရပ်ဘက်က သိပ္ပံသုတေသနအတွက်အသုံးပြုသည့် ဘောလုံးသာဖြစ်ကြောင်း၊ အထူးသဖြင့် မိုးလေဝသဆိုင်ရာလေ့လာမှုများကိုသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် မရည်ရွယ်ဘဲအမေရိကန်လေပိုင်နက်ထဲ ဝင်သွားခြင်းအတွက် စိတ်မကောင်းကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

သို့သော် တရုတ်နိုင်ငံက အမေရိကန်ရှိ မဟာဗျူဟာမြောက်နေရာများကို ထောက်လှမ်းရန်အသုံးပြုသည့်  ထိုမိုးပျံဘောလုံးကို အမေရိကန်စစ်ဘက်က တိုက်လေယာဉ်တစ်စင်းကိုအသုံးပြုကာ  ပစ်ချလိုက်ပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဖေဖော်ဝါရီ ၄ ရက်တွင်ပြောသည်။

အမေရိကန်အစိုးရက   ယခုကဲ့သို့စိုးရိမ်မှုများရှိသည်ဟုပြောနေသော်လည်း မိုးပျံဘောလုံးရှိ  ပါဝင်ပစ္စည်းများသည် ကင်းထောက်မှုအတွက်မဟုတ်ကြောင်း အမေရိကန်ကျွမ်းကျင်ပညာရှင်များက စစ်ဆေးပြီးဖြစ်သည်ဟု ပင်တဂွန်စစ်ဌာနချုပ်မှပြောရေးဆိုခွင့်ရှိသူက  သတင်းထောက်များကို ပြောထားသည်။

Ref:Sputnik