စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၄၅)

၄။ ကန်ရေပြည့် နိမ့်မြင့်မှတ်          ၃၅၀ မီတာ

၅။ ကန်ရေပြည့် ရေပြင်အကျယ်    ၆၆၀ စတုရန်းကီလိုမီတာ

၆။ ကန်ရေသေ နိမ့်မြင့်အမှတ်       ၃၂၅ မီတာ

၇။ တမံအမြင့်                             ၁၉၃ မီတာ (၆၃၃ ပေ)

၈။ ဂိတ်တပ်ရေပိုလွှဲ                     (၂၀ မီတာ x ၁၂ မီတာ) ၆ ပေါက်

၉။ ဓာတ်အားလိုင်းများ

   -        ACSR Double Circuit 500 KV

   -        AC to Myanmar Pyinmana ၃၀၀ ကီလိုမီတာ

   -        ACSR 1 bipolar + 500 KV

    -       DC to Thailand ၁၀၀၀ ကီလိုမီတာ         

၁၄။ ဓာတ်အားခနှုန်းထား ၅.၅ - ၆.၀          UScent / KWh

၁၅။ လုပ်ကိုင်ခွင့်ကာလ (Concession Right) ၃၀ နှစ်

၁၆။ တည်ဆောက်ဆဲကာလ ဓာတ်အားရရှိရေးအတွက် တမံအောက် ဘက် မိုင် ၅၀ ခန့်အကွာ သံလွင်မြစ်ပေါ်မှာပင် ရေထိန်း တမံငယ်ပြုလုပ်ပြီး ၂၀၀ မဂ္ဂါဝပ် တပ်ဆင်ဓာတ်အားထုတ်မယ်။ နောင်တွင်လည်း သံလွင်မြစ်ရေကို အဆိုပါရေထိန်းတမံမှ ထိန်းညှိပြီး ဆက်လက်လွှတ်ပေးရင်း ဓာတ်အားဆက်ထုတ်မယ်။

ဖော်ပြပါအချက်အလက်များကို လေ့လာပါက တာဆန်းစီမံကိန်းအတွက် အဓိကတွေ့ရမှာကတော့ -

(က)     တမံအမြင့်                                 ၆၃၃ ပေ (ရဲရွာ ၄၃၃ ပေ)

(ခ)       တမံကန်ရေပြည့်နိမ့်မြင့်မှတ်         ၃၅၀ မီတာ

(ဂ)       ကန်ရေပြည့်ရေပြင်အကျယ်         ၆၆၀ စတုရန်းကီလိုမီတာ

(ဃ)      တပ်ဆင်အင်အား                        ၃၃၉၉ မဂ္ဂါဝပ်

(င)       နှစ်စဉ်ထုတ်လုပ်ပေးမယ့်ဓာတ်အား           ၂၄၀၅၉ ကီလိုဝပ်နာရီ

(စ)       တစ်ယူနစ် ဓာတ်အားခ US cent 5~6

စသည့်အဓိကအချက်များကို တွေ့ရပါမယ်။

စီးပွားရေးတွက်ခြေကိုက်မှုနဲ့ ကျွမ်းကျင်မှုဆိုင်ရာ လေ့လာဆန်းစစ်မှုကို အဓိက အကျဉ်းရုံးပြုလုပ်ပြီး အစီရင်ခံစာကို တစ်နှစ်အတွင်း တင်သွင်းသွားခြင်း ဖြစ်နိုင်ပါတယ်။ ဆက်လက်လေ့လာရမယ့် သက်ရောက်မယ့် ကျေးရွာများကိစ္စ၊ စိုက်ပျိုးမြေများနဲ့ အခြား သက်ရောက်မှု ကိစ္စတွေကိုတော့ အစီရင်ခံစာမှာ ထူးထူးခြားခြား ဖော်ပြမထားပါဘူး။ ကောင်းကင်ပုံကရရှိတဲ့ အဆောက်အအုံ ပုံများကို ခန့်မှန်းပြီး ရွာ ၄၀ ခန့် ရေမြုပ်နိုင်တယ်လို့ ဆိုသော်လည်း လူဦးရေအတိအကျ ဖော်ပြမထားပါဘူး။

ဂျပန် နဏီဃ က တာဆန်းကို ဘယ်လိုတွက်ချက်ခဲ့သလဲ

ဆက်လက်ပြီး ဂျာမနီ L.I ရဲ့ အစီရင်ခံစာကိုကိုင်ပြီး နောက်ထပ်ဂျပန်နိုင်ငံက Electric Power Development Co.,Ltd Tokyo (EPDC) အဖွဲ့တစ်ဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်မှာ ထပ်မံကွင်းဆင်းပြီး လပိုင်းအတွင်း ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလမှာ အစီရင်ခံစာ တစ်စောင် ထပ်မံတင်သွင်းလာပြန်ပါတယ်။ MDX Group of Company ရဲ့ တာဝန်ပေးချက်အရ ဆောင်ရွက်မှုဖြစ်ပါတယ်။ MDX ဟာ ဥရောပက နာမည်ကြီး ကျွမ်းကျင်သူ ဂျာမနီအတိုင်ပင်ခံ L.I ရဲ့ အစီရင်ခံစာကို ရရှိထားပြီးဖြစ်ပေမယ့် ဘာကြောင့် အာရှမှ ဂျပန်တစ်ဖွဲ့နဲ့ ထပ်မံကွင်းဆင်းပြီး အစီရင်ခံစာအသစ် တစ်အုပ်ထပ်ရေးတယ်ဆိုတာကိုတော့ မသိပါဘူး။ EPDC ရဲ့ အစီရင်ခံစာမှာပါလာတဲ့ စီမံကိန်းရဲ့ အဓိကအချက်အလက်များကတော့ အောက်ပါအတိုင်း ပြောင်းလဲသွားတာကိုတော့တွေ့ရတယ် -

၂၀၀၁ ခုနှစ် EPDC (ဂျပန်) အဖွဲ့တင်သွင်းသော တာဆန်းစီမံကိန်း အဓိကအချက်အလက်များ

(၁) တပ်ဆင်စက်အင်အား                        ၆၄၀၀ မဂ္ဂါဝပ်

(၂) တစ်နှစ်ထုတ်လုပ်မည့်ဓာတ်အား          ၃၅၁၈၅ ကီလိုဝပ်နာရီသန်း

(၃) ကန်ရေပြည့်နိမ့်မြင့်မှတ်                     ၃၉၅ မီတာ

(၄) ကန်ရေပြည့်ရေလှောင်ပမာဏ            ၃၉၃၁၂ ကုဗမီတာသန်း

(၅) ကန်ရေသေ ရေလှောင်ပမာဏ            ၂၂၈၂၁ ကုဗမီတာသန်း

(၆) အကျိုးပြုရေလှောင်ပမာဏ                ၁၆၄၉၁ ကုဗမီတာသန်း

(၇) တမံအမြင့်                                        ၂၂၈ မီတာ (၇၄၈ ပေ)

ကျန်အချက်အလက်များကိုတော့ တမံနဲ့လိုက်လျောညီထွေတပ်ဆင်ထားမှုများသာဖြစ်လို့ မဖော်ပြတော့ပါဘူး။ ဂျာမနီနဲ့ ဂျပန်နိုင်ငံ နှိုင်းယှဉ်စရာဟာ တမံအမြင့်၊ ကန်ရေပြည့်ရေမှတ်၊ တပ်ဆင်အင်အားနဲ့ တစ်နှစ်ထုတ်လုပ်မှု ဓာတ်အားဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်မှာ တင်သွင်းသွားတဲ့ ဂျာမနီ L.I ရဲ့အစီရင်ခံစာမှာ တမံအမြင့် ၆၃၃ ပေနဲ့ ကန်ရေပြည့်မှတ် ၃၅၀ မီတာသည်ပင်လျှင် အစီရင်ခံစာအရ ရွာ ၄၀ ခန့် ထိခိုက်မှုရှိနိုင်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဂျပန်ရဲ့အစီရင်ခံစာမှာတော့ တမံအမြင့်ကို နောက်ထပ် ၁၁၅ ပေခန့် မြှင့်ပြီး (၇၄၈ ပေထိ) ဒီဇိုင်းတွက်ချက်လာပါတယ်။ ကန်ရေပြည့်မှတ်ကတော့ မူလထက် ၁၄၇ ပေကျော် မြင့်တက် လာတဲ့အတွက် စုစုပေါင်းရွာ ၁၀၀ ခန့်ထိ ရေမြုပ်နိုင်တယ်လို့ အဲဒီ Preliminary Environmental Impact Analysis (Yr 2000) မှာ ဖော်ပြထားပါတယ်။ တပ်ဆင်အင်အားကလည်း နှစ်ဆလောက်တိုးသွားပါတယ်။ ဒါပေမဲ့ နှစ်စဉ်ထုတ်လုပ်ပေးမယ့် ဓာတ်အား ကတော့ ၁ ဒသမ ၄၆ ဆတိုးလာပါတယ်။ တမံတည်နေရာရော အမျိုးအစားပါ ယခင်ဂျာမနီ L.I ရွေးထားတဲ့အတိုင်းပါပဲ။

အားလုံးကိုခြုံကြည့်ရင် MDX ဟာ ယခင်ဂျာမနီ L.I ရဲ့ အစီရင်ခံစာ လက်ထဲရောက်တာနဲ့ တစ်နှစ်အတွင်း ဂျပန်အဖွဲ့ကိုစေလွှတ်ပြီး အစီရင်ခံစာ ထပ်မံတင်သွင်းစေခြင်းရဲ့ ရည်ရွယ်ချက်ဟာ ဥရောပအတိုင်ပင်ခံဆောင်ရွက်သွားတဲ့ တမံထက်ပိုပြီး ၁၁၅ ပေထပ်မြင့်ဖို့ ရည်ရွယ်ဆောင်ရွက်ခြင်းက အဓိကဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

အလားတူပဲ MDX အဖွဲ့ရဲ့ တာဝန်ပေးမှုအရ နောက်ထပ်အဖွဲ့တစ်ဖွဲ့ဟာ Preliminary Environmental Impact Analysis ဆိုပြီး အစီရင်ခံစာတစ်စောင်ကို တစ်နှစ်အတွင်း တင်သွင်းလာပြန်ပါတယ်။ ဆောင်ရွက်ခဲ့တဲ့အဖွဲ့ဟာ Dr. Montri and Associates, Green Asia International Network (GAIN)  ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ဂျပန် EPDC ရဲ့ ဖြစ်မြောက်နိုင်စွမ်းလေ့လာရေး အစီရင်ခံစာပေါ်မှာ အခြေပြုပြီး သဘာဝနဲ့ လူမှုထိခိုက်နိုင်မှုများကို ခန့်မှန်းချက်များနဲ့ ဖော်ပြထားပါတယ်။ ကောင်းကင် ဓာတ်ပုံမှာ ပေါ်တဲ့ အဆောက်အအုံများကို ခန့်မှန်းပြီး လူနေအိမ်မှအစ ဖြစ်နိုင်ခြေများကို အစီရင်ခံစာတစ်စောင်အဖြစ် တင်သွင်းခဲ့တာဖြစ်မှာပါ။ Preliminary ဆိုသော်လည်း ဒေသအာဏာပိုင်များနဲ့ကွင်းဆင်းပြီး ရွာအမည်၊ လူဦးရေ စတာတွေ မဖော်ပြနိုင်ဘဲ အိမ်ခြေ ခန့်မှန်းပြီး တစ်အိမ်ထောင်ခန့်မှန်းခြေ ငါးဦးခန့်နဲ့တွက်ပြီး ဖော်ပြရေးသား ထားတာကိုလည်း တွေ့ရပါတယ်။ နောင်မှာလုပ်သင့်တဲ့ ယေဘုယျ အလုပ်များကိုသာ အစီရင်ခံစာမှာ အဓိကထားဖော်ပြထားတာပါ။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)