ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်

ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၇

          မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ ထွက်ရှိပြီး ဖူလုံစေသည့်လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက် စုပေါင်းဆောင်ရွက်ရသည့် စည်းလုံးညီညွတ်မှု စွမ်းအားကို ဖြစ်စေသော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပ‌လေ့ရှိကြသည်။ ထို့အတူ တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၆ ရက်ညနေပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ပြုလုပ်ရာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းများက မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲကို စည်ကား သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲများသို့ ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် အသင်းများနှင့် အိုးစည်ဒိးပတ်အဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။