(၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျိုင်းတုံမြို့၊ မြို့တော်ခန်းမနှင့် မြို့မအားကစားကွင်းတို့၌ ကျင်းပပြုလုပ်

(၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျိုင်းတုံမြို့၊ မြို့တော်ခန်းမနှင့် မြို့မအားကစားကွင်းတို့၌ ကျင်းပပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ  ၇

    (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့အကျိုးဆောင် ဂုဏ်ပြုမှတ်တမ်းရရှိသူများ၊ စီမံ ထူးချွန်တံဆိပ်ရရှိသူများ၊  လူမှုရေးအဖွဲ့ အစည်းများနှင့် ဖိတ်ကြားထားသူများတက် ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကို အလေးပြုကြသည်။ ထို့နောက် တိုင်းမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံမှ ပေးပို့သည့် သဝဏ်လွှာအား လည်းကောင်း အသီးသီး ဖတ်ကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းပေါင်းစုံပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဂုဏ်ဆောင် နှင့် တက္ကသိုလ်ဂုဏ်ဆောင်စံပြကျောင်းသား လူငယ်များ၊ နည်းပြများ၊ မြို့အကျိုးဆောင် ဂုဏ်ပြုမှတ်တမ်းရရှိသူများ၊  စီမံထူးချွန် တံဆိပ်(ပထမအဆင့်) ရရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့အစည်းများအား ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

    ညနေပိုင်းတွင်   ကျိုင်းတုံမြို့၊ မြို့မအားကစားကွင်း၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ် နေ့အထိမ်းအမှတ် ဖျော်ဖြေရေး အခမ်းအနားအား တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းရင်းသားအလိုက် ခင်းကျင်းပြသထားသော ရိုးရာပြခန်းများအား လှည့်လည်ကြည့်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ သီဆို၊ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။