ဘုတ်ပြင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဘုတ်ပြင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဖေဖော်ဝါရီ - ၇
    တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
    ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဘုတ်ပြင်းမြို့ရှိ နယ်မြေခံတပ်နယ်များ၌ ရာသီသီးနှံစိုက်ပျိုးထားရှိမှု၊ နို့စားနွားနှင့် အသားတိုးနွားမွေးမြူထားရှိမှု၊ အသားတိုးဝက်၊ ဉစားဘဲနှင့် ကြက်မွေးမြူထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုး၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။