စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုးတားလေးကျေးရွာရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင် ကျောင်းများ အတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုးတားလေးကျေးရွာရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင် ကျောင်းများ အတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၇       
    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများ အနေဖြင့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မိုးတားလေးကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားစေတီ ပုထိုးများနှင့် စာသင်ကျောင်းများအတွင်းသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှစ၍ အခိုင်အမာ ဝင်ရောက်နေထိုင်ကာ ဧရာဝတီမြစ်တစ်လျှောက် သွားလာသည့် စက်လှေငယ်များနှင့် ရေလုပ်ငန်းဆောင်ရွက်သူများအားလည်းကောင်း၊ ရွှေကူ၊ မြို့လှ၊ ကသာ လမ်းကြောင်းပေါ်ရှိ ကျေးရွာများမှ ပြည်သူလူထုများအား လည်းကောင်း၊ အဓမ္မတားဆီးစစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် ဒလန်စွပ်စွဲ၍ သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့် လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း အကြမ်းဖက်မှုကို ဆန့်ကျင်လိုသည့် ဒေသခံပြည်သူများက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်သတင်းပို့လာသဖြင့် တပ်မတော် စစ်ကြောင်း တစ်ကြောင်းမှ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး(Counter– Terrorism Operation)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမားများနှင့် ထိတွေ့ တိုက်ပွဲ(၇)ကြိမ် အပြင်းအထန်ဖြစ်ပွားခဲ့သည်။  
    တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားစေတီများ၊ ကျေးရွာစာသင်ကျောင်းများရှိသဲအိတ်ဘန်ကာများ၊ မြေအောက်ကတုတ်ကျင်းများ အတွင်းမှ တပ်မတော်စစ်ကြောင်းအား အပြင်းအထန် ပြန်လည်ပစ်ခတ်ခြင်း၊ နီးစပ်ရာ ဦးဆောင်လှုပ်ရှားနေသည့်PDF အဖွဲ့များမှ ဆိုင်ကယ်၊ ကားများဖြင့် အင်အား ဖြည့်တင်းလျက် ပြန်လည်ပစ်ခတ်ခဲ့သလို ကျေးရွာသူ/ သားများကိုလည်း လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထုတ်ပြန်ထားသည့်အတိုင်း ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement-ROE)နှင့်အညီ တိကျစွာလိုက်နာပြီး အရပ်သား ပြည်သူများ၊ ကျေးရွာများရှိ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားစေတီ ပုထိုးများအား အတတ်နိုင်ဆုံးထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် အကြမ်းဖက် ချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည်။ထိုသို့ဆောင်ရွက်ခဲ့ရာထပ်မံ၍ တပ်မတော် စစ်ကြောင်း များအချိန်အမှီစစ်ကူ ရောက်ရှိခြင်းနှင့် လေကြောင်းပစ်ကူရယူ တိုက်ခိုက်ခြင်း တို့ကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်တွင် အကြမ်းဖက် သမားများသည် မိုးတားလေး ကျေးရွာရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသူ၊ ကျေးရွာသားများနှင့် အတူ ဝိုင်းဝန်းမီးငြိမ်းသတ်ပေးခြင်းအား အရေးပေါ်ဆောင်ရွက်ခြင်းနှင့် ကျေးရွာ ပတ်ဝန်း ကျင်တဝိုက် လုံခြုံရေး အပြည့်အဝ ရယူပေးခြင်းတို့ ဆောင်ရွက်ခဲ့ရသည်။
    တိုက်ပွဲများပြီးဆုံးပြီးနောက် ကျေးရွာအတွင်း လှည့်လည်စစ်ဆေးခဲ့ရာ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် စာသင်ကျောင်းပရဝုဏ်အတွင်း သဲအိတ် ဘန်ကာများ၊ မြေအောက် အပစ်ကတုတ်ကျင်းများ အခိုင်အမာတည်ဆောက် ခုခံခြင်း၊ စာသင်ခန်းများအတွင်း ပညာသင်ကြား နေသည့်ကလေးများ အသုံးပြုသည့် စာရေးခုံများကို အသုံးပြု၍ သဲအိတ်များဖြင့်ဘန်ကာသဖွယ် အခိုင်အမာစခန်း တည်ဆောက်ထားခြင်းအပြင် အဓိကခုခံခဲ့သည့် ရွာဦးစေတီတော်ကုန်း တစ်ဝိုက်၌လည်း စေတီပုထိုးများ အကာအကွယ်ဖြင့် လည်းကောင်း၊ သံဃာနှင့် ကပ္ပိယ အိပ်ဆောင် များ၌လည်းကောင်း၊ သဲအိတ်များစီ၍ ခုခံခဲ့သည့် အနေအထားတို့ကို တွေ့ရှိခဲ့သဖြင့် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် ကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းများ အတွင်းရှိ ဘန်ကာများနှင့် စေတီကုန်းတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသူ၊ ကျေးရွာသားများနှင့်အတူ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ကျောင်းနှင့် ကျေးရွာတစ်ဝိုက် တို့အား မိုင်းရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး စေတီပုထိုးနှင့် သံဃာအိပ်ဆောင်များ ပြန်လည်ပြုပြင်ပေးခြင်းများကို ကျေးရွာသူ၊ ကျေးရွာသားများနှင့်အတူ ဆောင်ရွက် ပေးခဲ့ကာ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခိုင်အမာစခန်းများ ပြုလုပ်မှုအတွက် အကြမ်းဖက် အုပ်စု တို့က ရွာသူ/သားများအား အဓမ္မနည်းဖြင့် ခြိမ်းခြောက်ဆောင်ရွက်စေခဲ့ကြောင်း ကိုလည်း သိရှိရသည်။  
    အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပညာရေးဆိုင်ရာ အဆောက်အဦများ၊ ကျေးရွာများအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ် များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် စာသင်ကျောင်းများအတွင်း ရည်ရွယ်ချက်ရှိစွာဖြင့် စခန်းချအခြေပြု အကာအကွယ်ယူ တိုက်ခိုက်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
    အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက် ရှိခြင်းကြောင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက် အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်အပ်ပါသည်။