မုံရွာမြို့နှင့် မော်လမြိုင်မြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက် ဆေးကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေး

မုံရွာမြို့နှင့် မော်လမြိုင်မြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက် ဆေးကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ -

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိတပ်မတော်ဆေးရုံ၌  တက်ရောက် ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များက လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိတပ်မတာ်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက လည်းကောင်း အသီးသီး သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက်မ ှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားကြပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။