တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ

တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ

နေပြည်တော် ဖေဖော်ဝါရီ

      မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့် အထူး ဆေးကုသရေး အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာ သွားသည်။

    အဆိုပါ တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့တွင် ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးပါရဂူ၊ အရိုးပါရဂူ၊ မျက်စိပါရဂူ၊ နား၊နှာခေါင်း၊ လည်ချောင်းပါရဂူ၊ သွားပါရဂူ၊ မေ့ဆေးပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ဆေးဝါးဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေး ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုအရာရှိ၊ စစ်သည်များနှင့်အတူ  ရွေ့လျားခွဲစိတ် ကုသယာဉ်၊ ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် ရွေ့လျားသွားရောဂါ ခွဲစိတ်ကုသရေးယာဉ် တို့ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိဒေသခံပြည်သူ များအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည် ယနေ့ ညနေပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရေဝေကျေးရွာသို့ ရောက်ရှိကြရာ ဒေသ ခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။