တောင်ကြီးမြို့ရှိ ဆေးတက္ကသိုလ်(တောင်ကြီး)ဆေးပညာအခြေခံနှစ်(၁၁/၂၀၂၂)သင်တန်း (Orientation)နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပပြုလုပ်

တောင်ကြီးမြို့ရှိ ဆေးတက္ကသိုလ်(တောင်ကြီး)ဆေးပညာအခြေခံနှစ်(၁၁/၂၀၂၂)သင်တန်း (Orientation)နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ဆေးတက္ကသိုလ်(တောင်ကြီး) ဆေး ပညာအခြေခံနှစ်(၁၁/၂၀၂၂)သင်တန်း(Orientation)နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ပြုလုပ်ရာ အရှေိ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ဒေါက်တာ လှဝင်းမြင့်၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူ များတက်ရောက်ကြသည်။

          ဦးစွာ ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ဆေးတက္ကသိုလ် သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ကြပြီး တိုင်းမှူးနှင့် ဆေးတက္ကသိုလ် ပါမောက္ခချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြသည်။ ထို့နောက် ဆေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆေးတက္ကသိုလ် (တောင်ကြီး)တွင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆေးပညာအခြေခံနှစ်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် တိုင်းမှူးက ကျောင်းဘက်စုံ အသုံးပြုနိုင်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရာ ပါမောက္ခချုပ်က လက်ခံရယူသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားပြိုင်ပွဲများ၊ ထမနဲထိုး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သတင်းရရှိသည်။