(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့နယ်၊ နမ့်စံလွယ်ကျေးရွာ၌ ဘက်စုံသုံးခန်းမဖွင့်ပွဲ ပြုလုပ်

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့နယ်၊ နမ့်စံလွယ်ကျေးရွာ၌ ဘက်စုံသုံးခန်းမဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နမ့်စံလွယ်ကျေးရွာ၌ ဘက်စုံသုံးခန်းမဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

        ဦးစွာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါဘက်စုံသုံးခန်းမလုပ်ငန်းနှင့် ပတ်သက်သည့်အချက်အ လက်များအား ရှင်းလင်းတင်ပြပြီး နမ့်စံလွယ်ကျေးရွာနေ ပြည်သူများကိုယ်စား တာဝန် ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နေက် ဘက်စုံသုံးခန်းမ (ဖွင့်ပွဲ) အထိမ်းအမှတ် အလံများပေးအပ်ကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးက အဆိုပါဘက်စုံသုံးခန်းမ ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် အထွေထွေဘက်စုံသုံးထောက်ပံ့ငွေများ ထောက်ပံ့ ပေးအပ်ရာ ကျေးရွာနေတာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများ က ဘက်စုံသုံးခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် ဘက်စုံသုံးခန်းမနှင့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။