(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်း၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုအားပေး

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်း၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၁၀

    (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းများသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စုပေါင်းပြီးသွေးလှူဒါန်းကြရာ နေပြည်တော် ခုတင် ၁၀၀၀  အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်း သွားရောက်ကြည့်ရှု အားပေးသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် နေပြည်တော်တွင် ၄၃ ဦး၊ ရန်ကုန်မြို့တွင် ၁၅၃ ဦးနှင့် မန္တလေးမြို့တွင် ၂၇ ဦး၊ သွေးလှူရှင် စုစုပေါင်း ၂၂၃ ဦးတို့က ပါဝင်လှူဒါန်းခဲ့ပြီး အဆိုပါ သွေးလှူဒါန်းပွဲသို့   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊   ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့်   တာဝန်ရှိသူများက သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှု အားပေးကာ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ ပေးအပ်သည်။

ထို့နောက်   ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က   သွေးလှူဒါန်းမှုအတွက်   ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ဒုတိယဝန်ကြီးချုပ်က အမှတ်တရ လက်ဆောင်များပြန်လည်ပေးအပ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်း   စုပေါင်းသွေးလှူဒါန်းခြင်း အစီအစဉ်များကို ၂၀၁၆ ခုနှစ်မှ  စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုအကြိမ်မှာ (၁၀)ကြိမ်မြောက် စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။