စွမ်းအင်အကျပ်အတည်းအတွက် ဥရောပနိုင်ငံများသုံးစွဲရသည့်ငွေကြေးက ယူရိုဘီလီယံ    နီးပါးရှိ

စွမ်းအင်အကျပ်အတည်းအတွက် ဥရောပနိုင်ငံများသုံးစွဲရသည့်ငွေကြေးက ယူရိုဘီလီယံ    နီးပါးရှိ

ဥရောပနိုင်ငံများအနေဖြင့်  လက်ရှိ ဖြစ်ပွားနေသည့်စွမ်းအင်အကျပ်အတည်းကြောင့် မိသားစုများနှင့်ကုမ္ပဏီများ သက်သာ ရာရစေရန် သုံးစွဲရသည့်ငွေကြေးပမာဏက  ယူရို ဘီလီယံ ၈၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း သုတေသနပညာရှင်များက ဖေဖော် ဝါရီ ၁၃ ရက်တွင်ပြောသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက သုံးစွဲ ရသည့်ငွေကြေးပမာဏသည် ယူရို  ၆၈၁ ဘီလီယံရှိကာ ဗြိတိန်နှင့်နော်ဝေတို့က ယူရို  ၁၀၃ ဘီလီယံနှင့်  ၈ ဒသမ ၁ ဘီလီယံစီ အသီးသီးရှိကြောင်း သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Bruegel က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ယခုကဲ့သို့ သုံးစွဲရသည့်ငွေကြေးသည်  ယူရို ၇၀၆ ဘီလီယံသာရှိပြီး နောက်ပိုင်းတွင် ဆောင်းရာသီအတွက် အနွေးဓာတ်ရရှိစေရန် စွမ်းအင်ပမာဏ အများအပြားလိုအပ်သောကြောင့် သုံးစွဲရသည့် ငွေကြေးပမာဏကစုစုပေါင်း ယူရို ၇၉၂ ဘီလီယံကျော်အထိ ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါ  စွမ်းအင်အကျပ်အတည်းအတွက် ငွေကြေးသုံးစွဲရမှုစာရင်းတွင် ဂျာမနီနိုင်ငံကအများဆုံးဖြစ်ပြီး ယူရိုဘီလီယံ ၂၇၀ နီးပါးရှိကာ  ၎င်း၏နောက်တွင် ဗြိတိန်၊ အီတလီနှင့်  ပြင်သစ်တို့က အစဉ်လိုက် ရပ်တည်နေသည်။

ပြည်သူတစ်ဦးချင်းအပေါ် အခြေခံတွက်ချက်မည်ဆိုပါက လူဇင်ဘာ့၊ ဒိန်းမတ် နှင့် ဂျာမနီနိုင်ငံတို့က ငွေကြေးအများဆုံး သုံးစွဲသူများဖြစ်သည်။

အစိမ်းရောင်နည်းပညာစီမံကိန်းများအတွက် အစိုးရက ငွေကြေးထောက်ပံ့မှု ပေးခြင်းကို ဖြေလျှော့ရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးနေစဉ် ယခုကဲ့သို့ စွမ်းအင်အကျပ်အတည်းအတွက် ငွေကြေး သုံးစွဲရမှုပမာဏစာရင်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းသိရသည်။     

 Ref:TST