ပြီးခဲ့သည့်ငါးနှစ်အတွင်း ရုရှားကအိန္ဒိယသို့ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၁၃ ဘီလီယံဖိုးခန့်ရောင်းချပေးနိုင်ခဲ့

ပြီးခဲ့သည့်ငါးနှစ်အတွင်း ရုရှားကအိန္ဒိယသို့ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၁၃ ဘီလီယံဖိုးခန့်ရောင်းချပေးနိုင်ခဲ့

ပြီးခဲ့သည့်ငါးနှစ်အတွင်း ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံသို့ စစ်လက်နက်ပစ္စည်း  အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံဖိုးခန့် ရောင်းချပေးနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနများက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြထားသည်။

အလားတူ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကိုလည်း အမှာတင်ထားကြောင်း အဆိုပါသတင်းဌာန များက ဆက်လက်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည်  ရုရှားနိုင်ငံမှစစ်လက်နက်ပစ္စည်းများကို အများဆုံးဝယ်ယူနေသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိတွင် ရုရှားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများအတွက် အမှာစာ ၂၀ ရာခိုင်နှုန်းကို အိန္ဒိယကတင်ထားခြင်း ဖြစ်သည်။

အနောက်နိုင်ငံများက ရုရှားနိုင်ငံအပေါ် တင်းမာလွန်းသည့်အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့က ရုရှားနိုင်ငံထုတ်စစ်လက်နက်ပစ္စည်းများကို ဝယ်ယူနေဆဲဖြစ်ကြောင်း ရုရှားစစ်ဘက်-နည်းပညာပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဥက္ကဋ္ဌ ဒီမီထရီရှူ ဂါယက်ကပြောသည်။

ထို့အတူ ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းနှစ်စဉ်တင်ပို့မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံမှ ၁၅ ဘီလီယံကြားရှိပြီး အမှာစာတင်ထားမှုပမာဏမှာလည်း ဒေါ်လာဘီလီယံ ၅၀ ဖိုးခန့်ရှိနေဆဲဖြစ်ကြောင်း Interfex သတင်းဌာနကဖော်ပြထားသည်။

အာရှဒေသမှဝယ်လက်များအနေဖြင့် ရုရှားနိုင်ငံထုတ်  S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်၊ Osa၊ Pechora သို့မဟုတ် Strela  တို့ကဲ့သို့ မြေပြင်မှဝေဟင် တာတိုပစ်ဒုံးကျည်စနစ်များ၊ Su-30 တိုက်လေယာဉ်များ၊ MiG-29 ရဟတ်ယာဉ်များနှင့် ဒရုန်းများဖြစ်ကြောင်း ဒီမီထရီရှူ ဂါယက်ကပြောထားသည်။             

Ref: CNA