ယူကရိန်းဘက်က အကြမ်းဖက်လုပ်ရပ်များကိုပိုမိုလုပ်ဆောင်လာဟု ရုရှားပြော

ယူကရိန်းဘက်က အကြမ်းဖက်လုပ်ရပ်များကိုပိုမိုလုပ်ဆောင်လာဟု ရုရှားပြော

ယူကရိန်းအထူးတပ်ဖွဲ့များ၊  မျိုးချစ် တပ်ဖွဲ့များအနေဖြင့် ရုရှားနိုင်ငံ၏အရပ်ဘက် နှင့်စစ်ဘက် အခြေခံ အဆောက်အအုံများအပြင် အစိုးရအဖွဲ့များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ်များကို ပိုမိုလုပ်ဆောင်လာကြောင်း ရုရှားဗဟိုလုံခြုံရေးအဖွဲ့(FSB)ညွှန်ကြားရေးမှူး အလက်ဇန်းဒါးဘော့နီကော့က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောသည်။

ထို့ကြောင့် သယ်ယူပို့ဆောင်ရေးဌာနများ၊ လောင်စာနှင့်စွမ်းအင်ဌာနတို့တွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်ချထားဆောင်ရွက်လျက်ရှိကြောင်း အလက်ဇန်းဒါးဘော့နီကော့က အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေး၌ပြောသည်။

ထို့ပြင် အကြမ်းဖက်သမားများဝင်ရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အကြမ်းဖက် လုပ်ရပ်များတွင် အရပ်သားများပါဝင်မှုမရှိစေရေးဆောင် ရွက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

အကြမ်းဖက်သမားများက အကြမ်းဖက်နဲ့အစွန်းရောက်လုပ်ငန်းများမှာ လူငယ်များ ပါဝင်လာစေရေးအပါအဝင် ပြည်သူလူထု ကို ဆွဲဆောင်စည်းရုံးနိုင်ရေးရည်မှန်းကာ ဝါဒဖြန့်လုပ်ငန်းကိုလုပ်ဆောင်နေပါတယ် ဟု အလက်ဇန်းဒါးဘော့နီကော့ကပြော သည်။

အလားတူ အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံနှင့် အခြားဆိုဗီယက်အဖွဲ့ဝင်နိုင်ငံ ဟောင်းများ၌ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်စေရန် အစ္စလာမ်မစ်စစ်သွေးကြွများကို လေ့ကျင့်မှုများ ပေးနေကြောင်း ရုရှားပြည်ပထောက်လှမ်းရေးဌာနက ဖေဖော် ဝါရီ ၁၃ ရက်တွင်ထုတ်ပြန်ထားသည်။

အမေရိကန်အနေဖြင့်  လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၌ လှုပ်ရှားနေဆဲ ဖြစ်သည့်  အကြမ်းဖက် သမားအယောက် ၆၀ ကိုစုဆောင်းကာ အယ်တန့်မြို့ရှိ အမေရိကန်စစ်စခန်း၌ လေ့ကျင့်ပေးနေကြောင်း၊ အထူးသဖြင့်  လက်လုပ်ဗုံးများကို မည်ကဲ့သို့ ဖန်တီးအသုံးပြုရမည်နှင့်   ပတ်သက်၍ သင်ကြားပေးနေခြင်း ဖြစ်ကြောင်း  ရုရှား အစိုးရက ထုတ်ပြန်ထားသည်။

Ref:RT