အခြားနိုင်ငံများအပေါ် လျှို့ဝှက်ထောက်လှမ်းမှုလုပ်သည့်နိုင်ငံများတွင် အမေရိကန်ဦးဆောင်နေဆဲဖြစ်

အခြားနိုင်ငံများအပေါ် လျှို့ဝှက်ထောက်လှမ်းမှုလုပ်သည့်နိုင်ငံများတွင် အမေရိကန်ဦးဆောင်နေဆဲဖြစ်

အခြားသောနိုင်ငံများအပေါ် လျှို့ဝှက်ထောက်လှမ်းမှုများလုပ်ဆောင်သည့်နိုင်ငံများစာရင်းတွင် အမေရိကန် နိုင်ငံက ဦးဆောင်နေဆဲဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင်ထုတ်ပြန်သည်။

အစိုးရတစ်ရပ်အနေနဲ့ ထောက်လှမ်းမှုတွေလုပ်တဲ့နေရာမှာတော့  အမေရိကန်နိုင်ငံက နံပါတ် ၁ နေရာမှာရှိနေဆဲဖြစ် တယ်လို့ပြောချင်ပါတယ်။ ဥရောပအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒါကိုသိရှိခံစားပြီးဖြစ်မှာပါဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အမေရိကန်နိုင်ငံကအမြင့်ပျံကင်းထောက်မိုးပျံပူဖောင်းများထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းကို  ၁၉၉၇ ခုနှစ်မှစ၍လုပ်ဆောင်ခဲ့ပြီး  ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် တွင်  အမေရိကန်စစ်ဘက်က   ထိုမိုးပျံပူဖောင်းများကို  စစ်သုံးအဖြစ်ပြောင်းလဲခဲ့ကြောင်း ဝမ်ဝန်ဘင်းကပြောသည်။

ယခုအခါ အမေရိကန်နိုင်ငံသည် ရုရှားနှင့်တရုတ်နိုင်ငံတို့က ပိုင်ဆိုင်ထားသည့် အသံနှုန်းလွန်ဒုံးကျည်များ၏ လမ်းကြောင်းကိုပင်    ခြေရာခံလိုက်နိုင်စွမ်းရှိသော ကင်းထောက်ကိရိယာများကို တပ်ဆင်နိုင်သည့် မိုးပျံပူဖောင်းများကို ပိုင်ဆိုင်လာပြီ ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော သူလျှိုကွန်ရက်ကို ပိုင်ဆိုင်ထားကြောင်း၊ ဂျာမနီ၊ ပြင်သစ်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်နှင့် အခြားသောဥရောပနိုင်ငံများမှ ခေါင်းဆောင်များ ကြားအပြန်အလှန် ဖုန်းပြောမှုများ၊ မက်ဆေ့ပေးပို့မှုများအထိပင် လျှို့ဝှက်ထောက်လှမ်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Ref:Sputnik