BYD က နိုင်ငံအလယ်ပိုင်းမှာ လျှပ်စစ်ကားအတွက် ဘက်ထရီစက်ရုံတည်ဆောက်မည်

BYD က နိုင်ငံအလယ်ပိုင်းမှာ လျှပ်စစ်ကားအတွက် ဘက်ထရီစက်ရုံတည်ဆောက်မည်

 

ကမ္ဘာပေါ်မှာ လျှပ်စစ်ကားအရေအတွက်အများဆုံးထုတ်လုပ်ရောင်းချနေရတဲ့ BYD ကုမ္ပဏီက သူတို့ရဲ့လျှပ်စစ် ကားများအတွက် ဘက်ထရီများထုတ်လုပ်နိုင်ဖို့  ယွမ်  ၆ ဘီလီယံကျော်တန်ဖိုးရှိ ဘက်ထရီစက်ရုံကို နိုင်ငံအလယ်ပိုင်းမှာ တည်ဆောက်သွားတော့ မယ်လို့သိရပါတယ်။

BYD မော်တော်ကားကုမ္ပဏီရဲ့ ဘက်ထရီထုတ်လုပ်ရေးဌာနက FinDreams Technology ဖြစ်ပြီး အသုံးပြုနေတဲ့ဘက်ထရီက Blade Battery အမျိုးအစားဖြစ်ပါတယ်။

အခု FinDreams Technology က ဟယ်နန်ပြည်နယ် ကျန်းကျိုးမြို့မှာ တစ်နှစ်ကို ဂစ်ဂါဝပ်နာရီ ၄၀ ပမာဏရှိတဲ့ ဘက် ထရီများကိုထုတ်လုပ်နိုင်ဖို့အတွက် စက်ရုံတည်ဆောက်သွားတော့မယ်လို့ ကျန်းကျိုးမြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဝက်ဆိုက်မှာဖော်ပြထားတာတွေ့ရပါတယ်။

BYD ကုမ္ပဏီကအသုံးပြုနေတဲ့ Blade Battery အမျိုးအစားက အရွယ်အစားကြီးမားခြင်းမရှိတဲ့    လီသီယံ-အိုင်းရွန်း-ဖော့စဖိတ်အမျိုးအစားဘက်ထရီဖြစ်ပါတယ်။

အဲဒီဘက်ထရီအမျိုးအစားဟာ ဈေးကွက်အတွင်းရှိ  အခြားသောလျှပ်စစ်ကားများအတွက် ဘက်ထရီများထက် ပိုမိုစိတ်ချရမှုရှိပြီး မီးလည်းမလောင်နိုင်ဘူးလို့ BYD ကုမ္ပဏီဥက္ကဋ္ဌ ဝမ်ချွမ်ဖူကပြောထားပါသေးတယ်။ Blade Battery ကိုအသုံးပြုနေတဲ့ကားအမျိုးအစားများကတော့ BYD ကုမ္ပဏီရဲ့ရောင်းအားအကောင်းဆုံး လျှပ်စစ်ကားများဖြစ်တဲ့ Han နဲ့ Seal ဇိမ်ခံကားများကဲ့သို့သော ကားများပါပဲ။

အဲဒီကားတွေဟာဆိုရင် တရုတ်နိုင်ငံထဲမှာမှ ကမ္ဘာကျော်လျှပ်စစ်ကားတစ်မျိုးဖြစ်တဲ့ Tesla Model-3 နဲ့ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။                     

ကိုထက်

Ref:CNA