ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

            မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်း ပေါ်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။

            ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ အလျား ၃၈ ပေ၊ အနံ ၁၈ ပေ ခန့်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတား၏ဝဲ/ယာလက်ရမ်းနှစ်ဖက်၊ ကမ်းကပ်ခုံ၊ တံတား၏အလယ်တည့်တည့်တို့တွင် အနည်းငယ် ပျက်စီးခဲ့ပြီး ယာဉ်ဖြတ်သန်းသွားလာမှုများ ပြတ်တောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

            အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူ များက အများပြည်သူပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှု ကျူးလွန်သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။