မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ဆင်းတုတော် အပိုင်း(၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးနှင့် အောင်မြင်စွာ ထိဆက်ပင့်ဆောင်ပြီးစီး

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ဆင်းတုတော် အပိုင်း(၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးနှင့် အောင်မြင်စွာ ထိဆက်ပင့်ဆောင်ပြီးစီး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီး အား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှု ဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ် ချက် ရပ်ဖြင့် တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီး စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ တန်ရှိပြီး ဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ ပြီးဖြစ်သည်။

ရတနာပလ္လင်တော်ထက်သို့ ဆက်လက်ပင့်ဆောင်ပူဇော်ရန် ကျန်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင် တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပင့်ဆောင်ရေးလုပ်ငန်းစဉ်များအလိုက် ပင့်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၂ နာရီ ၄၃ မိနစ်တွင်  ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အစိတ် အပိုင်းများအား ရတနာပလ္လင်တော်ထက်၌ ထိဆက်ပင့်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ဆင်းတုတော် အပိုင်း(၄) အား ဆင်းတုတော်(၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော် အစိတ်အပိုင်း ကြီးထံသို့  Skid Rail များ အသုံးပြု၍ စတင်ပင့်ဆောင်ပူဇော်ခဲ့ရာ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ထိဆက်ပင့်ဆောင်နိုင်ခဲ့သည်။ ယင်းနောက် ရတနာ ပလ္လင်တော်ပေါ် သို့ နေရာချထားခြင်းအား Hydraulic Jack များအသုံးပြု၍ ဆက်လက် ဆောင်ရွက် ခဲ့ရာ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကို တွဲဆက်ထားသည့် အစိတ်အပိုင်းကြီး၊ ရတနာပလ္လင်တော်၊ ဆင်းတုတော် အပိုင်း(၄) တို့အား တစ်ခုနှင့်တစ်ခု ကိုက်ညီမှု ရှိ စေရန် တစ်လက်မချင်း အချိန်ယူ၍ အသေးစိတ်ဆောင်ရွက်ခဲ့ရပြီး ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ပလ္လင်တော်ပေါ်၌ ဆင်းတုတော်ကြီး၏ အစိတ်အပိုင်းအားလုံးကို အောင်မြင်စွာ နေရာချထားနိုင်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍  ဆင်းတုတော်ကြီး၏ အစိတ်အပိုင်းများအား တွဲဆက်ခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ  သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာ အပါး ၁၂၀၀ နှင့် လူပရိတ်သတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီး၊ ဆဋ္ဌသင်္ဂါ ယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက် ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထုဆစ်ပူဇော်ထားရှိသည့် ကျောက်စာရုံ စေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များ အပြင် အခြားသော သာသနိကအဆောက်အဦများကိုလည်း ထည့်သွင်းတည်ဆောက် လျက်ရှိကြောင်း သိရှိရသည်။

မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများ၊ သာသနိက အဆောက်အဦများ တည်ဆောက် ရေးလုပ်ငန်းများကို တည်ဆောက်ရေးဆိုင်ရာ တာဝန်ရှိသူများက နေ့ညမပြတ် ကြိုးပမ်းတည်ဆောက်လျက်ရှိပြီး ညချမ်းချိန်ခါများတွင်လည်း အများပြည်သူ ကြည်ညိုသပ္ပါယ်ဖွယ် မီးများထွန်းညှိ၍ အလင်းပေးပူဇော်ထားရှိကြောင်း သတင်း ရရှိသည်။