တူကီယဲအစိုးရက ငလျင်ဒဏ်သင့်ဒေသများ၌ နေအိမ်အလုံး ၃၀၀၀၀ စတင်တည်ဆောက်မည်

တူကီယဲအစိုးရက ငလျင်ဒဏ်သင့်ဒေသများ၌ နေအိမ်အလုံး ၃၀၀၀၀ စတင်တည်ဆောက်မည်

တူကီယဲအစိုးရအနေဖြင့် မကြာသေးမီ ကဖြစ်ပွားသော ငလျင်ကြောင့်ဘေးသင့်သွား သည့်ဒေသများ၌ နေအိမ်အလုံး ၃၀၀၀၀ ကို စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ပြောသည်။

ကျွန်တော်တို့အနေနဲ့ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကို  လေ့လာတွက်ချက်ပြီးပြီ ဆိုတာနဲ့ တည်ဆောက်ရေး လုပ်ငန်းများ ကိုစတင်လုပ်ဆောင်မှာပါ။  တည်ဆောက်ရေးလုပ်ငန်းကိုတော့ မတ်လလောက်မှာ စတင်သွားမှာဖြစ်ပြီး ငလျင်ကြောလွတ်တဲ့ နေရာမှာ     တည်ဆောက်သွားမှာဖြစ်ပါတယ်}}ဟု တူကီယဲသမ္မတက    ပြောသည်။

၁၉၉၉ ခုနှစ်မတိုင်မီ တည်ဆောက်ခဲ့သော နေအိမ်အဆောက်အအုံများအနက် ၉၈ ရာခိုင်နှုန်းမှာ မကြာသေးမီကဖြစ်ပွား သောငလျင်လှုပ်မှုများကြောင့် ပြိုကျပျက်စီး သွားပြီဖြစ်သည်။

၎င်းင်းတို့အစိုးရ၏ရည်ရွယ်ချက်က အရည် အသွေးမြင့်မားပြီး ဘေးကင်းစိတ်ချရမှုရှိကာ ငလျင်ဒဏ်သင့်ဒေသရှိ ပြည်သူများ အတွက် အထောက်အပံ့ကောင်းများဖြစ်စေမည့် အဆောက်အအုံများကို တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားနိုင်ရေးဖြစ်ကြောင်း  အာဒိုဂန်ကဆက်ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်နံနက်အစောပိုင်းတွင် လှုပ်ခတ်သောငလျင်ကြောင့် တူကီယဲနှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့၌ သေဆုံး သူစုစုပေါင်း ၄၀၀၀၀ ကျော်ရှိသွားပြီဖြစ် ကြောင်း သိရသည်။

Ref: Sputnik