လူသေဆုံးနိုင်ခြေ   ရာခိုင်နှုန်းအထိရှိသည့် မားဘာ့ဗိုင်းရပ်ကြောင့်  WHO က အရေးပေါ် အစည်းအဝေးပြုလုပ်

လူသေဆုံးနိုင်ခြေ   ရာခိုင်နှုန်းအထိရှိသည့် မားဘာ့ဗိုင်းရပ်ကြောင့်  WHO က အရေးပေါ် အစည်းအဝေးပြုလုပ်

အလယ်အာဖရိကဒေသ၌  ကူးစက်ပျံ့နှံ့လျက်ရှိပြီး     လူသေဆုံးနိုင်ခြေ ၈၈ ရာခိုင်နှုန်းအထိရှိသည့် မားဘာ့ဗိုင်းရပ်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဖေဖော်ဝါရီ ၁၄ ရက်တွင် အရေးပေါ ်အစည်းအဝေးပြုလုပ်ကြောင်းသိရသည်။

WHO သည် သွေးသွန်ခြင်းရောဂါကိုဖြစ်ပွားစေနိုင်သည့် အဆိုပါဗိုင်းရပ်ကို တားဆီးနိုင်မည့် ကာကွယ်ဆေးများကို အဓိကရှာဖွေသည့်အနေဖြင့် ထိုအစည်းအဝေးကိုပြုလုပ်ခြင်း ဖြစ်သည်။

အီကွေတာဂီနီနိုင်ငံ၌ ထိုဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကြောင့် လူကိုးဦးသေဆုံးကာ အများအပြားကူးစက်ခံ ထားရပြီးနောက် WHO က ယခုအစည်းအဝေးကိုလုပ်ဆောင်ခြင်းဖြစ်သည်။

မားဘာ့က တကယ့်ကိုကူးစက်နှုန်းမြင့်မားပါတယ်။ အီကွေတာဂီနီအစိုးရရဲ့ လျင်လျင်မြန်မြန်နဲ့ တိတိကျကျ ဆုံးဖြတ်ပေးနိုင်မှုကြောင့် အရေးပေါ်အဖွဲ့တွေက အချိန်တိုအတွင်းမှာ အင်တိုက်အားတိုက်နဲ့ လျင်မြန်စွာ ဆောင်ရွက်သွားနိုင်တာတွေ့ရပါတယ်။ ဒီအတွက် လူ့အသက်ပေါင်းများစွာကိုကယ်ဆယ်ပြီးမကြာမီမှာ ဒီဗိုင်းရပ်ကူးစက်မှုကို ရပ်တန့်သွားနိုင်မှာပါဟု  WHO မှ အာဖရိကဒေသညွှန်ကြားရေးမှူး ဒေါက်တာမတ်ရှီဒိုင်ဆိုမိုအီတီက ပြောသည်။

အီဘိုလာဗိုင်းရပ်မျိုးရင်းမှ ဆင်းသက်လာသည့် မားဘာ့ဗိုင်းရပ်သည် နှာခေါင်း၊ ပါးစပ် သို့မဟုတ်  ခန္ဓာကိုယ်၏အခြား သောအစိတ်အပိုင်းများမှ သွေးများထွက်လာပြီး သေဆုံးစေသည့်ရောဂါကို ဖြစ်စေနိုင်သည်။

အခြားသောရောဂါလက္ခဏာများမှာ အလွန်အမင်း  လေးလံထိုင်းမှိုင်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ လည်ချောင်းနာခြင်းနှင့် ဗိုက်အောင့်ခြင်းတို့ဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါဗိုင်းရပ်ကို တိုက်ဖျက်နိုင်မည့်    ကာကွယ်ဆေး သို့မဟုတ် ရောဂါကိုကုသနိုင်မည့် ကုထုံး အတိအကျမရှိသေးသော်လည်း ဖြစ်နိုင်ခြေရှိသောကုသမှုအခြေအနေများနှင့်ပတ်သက်၍   ချင့်ချိန် တွက်ချက်နေကြောင်း WHO ကပြောထားသည်။         

  Ref:RT