ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆

          ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားရေရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်   အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက နမ့်စန်မြို့နယ်၊ နယ်မြေခံတပ်ရင်းရှိ စိုက်ပျိုးရေး‌၊ မွေးမြူရေးခြံများအတွင်း ရာသီသီးနှံစိုက်ပျိုး ထားရှိမှု၊ တစ်ရှူးငှက်ပျောစိုက်ပျိုးထားရှိမှု၊ ဥစားကြက်၊ DYL ဝက်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို   သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။