မြစ်ကြီးနားမြို့၊ နမ့်စန်မြို့နယ်နှင့် မုံရွာမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်

မြစ်ကြီးနားမြို့၊ နမ့်စန်မြို့နယ်နှင့် မုံရွာမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆

          တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့မှ နယ်မြေခံ ဆေးကုသရေးအဖွဲ့များက  သတ်မှတ်နေရာ အသီးသီး၌ သံဃာတော်များနှင့် ဒေသခံပြည်သူများကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောရောဂါ၊ အစာအိမ် ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရေပြားရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။