မြစ်ကြီးနားတပ်နယ်ရှိ တပ်မတော်သားမိသားစုဝင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မြစ်ကြီးနားတပ်နယ်ရှိ တပ်မတော်သားမိသားစုဝင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆

          မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ တပ်မတော်သားမိသားစုဝင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ  ဆရာဝန်များ၊ သူနာပြုများက တပ်ရင်း၊ တပ်ဖွဲ့များမှ ကလေးငယ် ၇၈ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၃ ဦးတို့ကို  ပေါင်ချိန်ခြင်း၊ ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။