“သမိုင်းကိုကြည့်လျှင် နှစ်နိုင်ငံဆက်ဆံရေး အမြဲတမ်းကောင်းပါတယ်။ ချစ်ကြည်ရင်းနှီးပါတယ်။ ဒါတွေကို အခြေခံအနာဂတ်မှာလည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ဆတက်ထမ်းပိုး တိုးလာမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အလားအလာကောင်းတယ်လို့ ပြောလို့ရ

“သမိုင်းကိုကြည့်လျှင် နှစ်နိုင်ငံဆက်ဆံရေး အမြဲတမ်းကောင်းပါတယ်။ ချစ်ကြည်ရင်းနှီးပါတယ်။ ဒါတွေကို အခြေခံအနာဂတ်မှာလည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ဆတက်ထမ်းပိုး တိုးလာမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အလားအလာကောင်းတယ်လို့ ပြောလို့ရပါတယ်။”

H.E. Mr.Nikolay LISTOPADOV (မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး)

    ဒီနေ့ဟာ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ကျင်းပတာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီး ဌာနက စီစဉ်ပေးတဲ့အတွက် ဝမ်းသာမိပါတယ်။   ဒီမှာလည်း သမိုင်းဝင်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်တဲ့ ဓာတ်ပုံတွေ တော်တော်များများ ပြသထားပါတယ်။  ဒီဓာတ်ပုံတွေက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမှာ   ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးလည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာတာကို တွေ့မြင်ရပါတယ်။ ကုန်သွယ်ရေး၊   စီးပွားရေး၊   လူမှုရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကာကွယ်ရေး နယ်ပယ်အသီးသီးမှာ တိုးတက်နေပါတယ်။

ယခုဆိုရင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဟာ သိပ်မြင့်တဲ့အဆင့်ကို ရောက်နေပါတယ်။   နှစ်နိုင်ငံခေါင်းဆောင်တွေက လွန်ခဲ့တဲ့နှစ် စက်တင်ဘာမှာ တွေ့ခဲ့ပါတယ်။

ရုရှားသမ္မတ  ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးရဲ့ထိပ်သီးဆွေးနွေးပွဲကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ပိုပြီး တိုးတက်နေပါတယ်။ အထူးသဖြင့် ပညာရေး နယ်ပယ်မှာ   ကောင်းကောင်းပူးပေါင်း ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံက ကျောင်းသား ၇၀၀၀ ကျော် ရုရှားထိပ်တန်း စက်မှုနည်းပညာ တက္ကသိုလ်တွေက ဘွဲ့ရပါတယ်။ တချို့ ဒေါက်တာဘွဲ့၊ ပါမောက္ခဘွဲ့လည်း ရပါတယ်။ ကျွန်တော်တို့ရုရှားအတွက် ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းကိုကြည့်လျှင် နှစ်နိုင်ငံ ဆက်ဆံရေး အမြဲတမ်းကောင်းပါတယ်။ ချစ်ကြည်ရင်းနှီးပါတယ်။ ဒါတွေကို အခြေခံအနာဂတ်မှာလည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ဆတက်ထမ်းပိုး တိုးလာမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး အလားအလာကောင်းတယ်လို့ ပြောလို့ရပါတယ်။

ဦးရဲမင်းအောင်(မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ)

    ဒီနေ့ဖိုရမ်ကို ပုဂ္ဂလိက အခန်းကဏ္ဍကနေပြီး ပါဝင်တက်ရောက်ခြင်းဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကြား  ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ၊  အခြေအနေတွေ အပေါ်မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ မြန်မာနဲ့ရုရှားက နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်ထားတာ (၇၅) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ဒီကာလတွေကိုပြန်ကြည့်မယ် ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု  နယ်ပယ်ပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ ပထဝီအနေအထားကြောင့် အခြားကဏ္ဍတွေလောက် အားမကောင်းခဲ့ပါဘူး။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက်မှာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီးပေါ်လွင်လာပါတယ်။ ပိုပြီးလုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားရှိပါတယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေး၊ မွေးမြူရေးနိုင်ငံဖြစ်တဲ့အတွက် လယ်ယာထွက်ကုန်တွေကို ရုရှားနိုင်ငံကို ရောင်းချလာနိုင်ပါတယ်။ ရုရှားနိုင်ငံက နည်းပညာတွေ၊ စက်ပစ္စည်းတွေ စတဲ့ တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ ဒါကြောင့် အထူးသဖြင့် လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေမှာ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု   ပိုပြီးအားကောင်းလာအောင် ကြိုးစားဆောင်ရွက်နေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီလိုဖိုရမ်ပြုလုပ်ခြင်း အားဖြင့် မြန်မာနိုင်ငံဘက်က စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေကလည်း    ရုရှားဈေးကွက်နဲ့    ရုရှားနိုင်ငံရဲ့ အခြေအနေအလားအလာ အခွင့်အလမ်းတွေ ပိုပြီး သိရှိလာနိုင်မယ်။ ဒီနောက်ပိုင်းမှာ ရုရှားနိုင်ငံဘက်ကလည်း မေးမြန်း ဆက်သွယ်လာတာတွေ တွေ့ရပါတယ်။ ဒီကတစ်ဆင့် တစ်ဖက်နဲ့တစ်ဖက် အမြင်ချင်းဖလှယ်နိုင်မယ်။ သတင်းအချက်အလက် ဖလှယ်နိုင်မယ်။ ဈေးကွက် အခြေအနေတွေကို ဖလှယ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေ ပိုပြီးအားကောင်း လာမယ်လို့ယူဆပါတယ်။ အထူးသဖြင့် MSMEစီးပွားရေး လုပ်ငန်းရှင်တွေရဲ့   ထွက်ကုန်တွေကို ရုရှားဈေးကွက်သို့ ပိုမိုရောက်ရှိဖို့၊   ဒီလိုပဲ ရုရှားနိုင်ငံက တန်ဖိုးမြှင့်  ထုတ်လုပ်တဲ့ ပစ္စည်းတွေ၊ နည်းပညာတွေ မြန်မာနိုင်ငံကို ပိုမိုရောက်ဖို့အတွက်   ကျွန်တော်တို့က ပေါင်းကူးတံတားသဖွယ်    ဒီဖိုရမ်ကနေ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။

ဦးကိုကို( စက်မှုတက္ကသိုလ်)

    ဒီဖိုရမ်မှာ သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်တာဖြစ်ပါတယ်။ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် မြန်မာ - ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ဖြစ်ပါတယ်။ ဒီဖိုရမ်မှာ  ကျွန်တော်နဲ့အတူ ပညာရှင်ခြောက်ဦးက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး  စတဲ့ကဏ္ဍတွေကို ၎င်းတို့ရဲ့ အမြင်နဲ့ လက်ရှိအခြေအနေတွေ၊ အနာဂတ် အလားအလာတွေကို  ဆွေးနွေးသွားကြတာ ဖြစ်ပါတယ်။ ဖိုရမ်ကို တက်ရောက်လာသူတွေ အနေနဲ့  လက်ရှိ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေကို သိရမယ်။ အရေးကြီးတာက အနာဂတ်မှာပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ အနာဂတ် အခွင့်အလမ်းတွေကို သိရမှာဖြစ်ပါတယ်။ မြန်မာ-ရုရှားပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်မှာ ဘယ်လို အထောက်အကူပြုနိုင်မယ် ဆိုတာကို ပညာရှင်တွေက ၎င်းတို့ရဲ့ကိုယ်ပိုင်အမြင်တွေနဲ့ ပေါင်းစပ်ပြီး ဆွေးနွေးသွားတာ ဖြစ်ပါတယ်။ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်သွယ် ထူထောင်မှု အထိမ်းအမှတ် မြန်မာ - ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

ဒေါက်တာနိုင်ဆွေဦး(နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့၊ ဝါရင့်အကြံပေး ပုဂ္ဂိုလ်၊ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ)

    (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ  နံနက်ပိုင်းအစီအစဉ်မှာ ပါဝင်ဆွေးနွေးတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေကို  ဆွေးနွေးခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်စုကျော် သုံးစုနီးပါးကစပြီး နှစ်နိုင်ငံစစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေက  ပိုပြီးဖွံ့ဖြိုး တိုးတက်လာတယ်။ အထူးသဖြင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် လက်ထက်မှာ ပိုပြီးတိုးတက်လာတယ်ဆိုတဲ့ အကြောင်းကို  ဆွေးနွေးခဲ့ပါတယ်။ ရုရှားနိုင်ငံကို ကျွန်တော်ကိုယ်တိုင် ပညာတော်သင် သွားရောက်ခဲ့တဲ့ အခြေအနေတွေ၊ ရုရှားနိုင်ငံ တက္ကသိုလ်တွေမှာ မြန်မာ့တပ်မတော် အရာရှိတွေ၊ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနက ဆရာတွေ အပါအဝင် စုစုပေါင်းဘွဲ့ရရှိသူ ၇၀၀၀ ကျော်ရှိပြီဆိုတဲ့ ကိစ္စရပ်တွေပါဝင်ပါတယ်။ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်နဲ့ ပတ်သက်ပြီးလည်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် နေ့မှာ ရုရှားနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒီချစ်ကြည် ရင်းနှီးမှုတွေက (၇၅) နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုပြီး တိုးတက်လာတာ တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဖိုရမ်ကို ကျင်းပခြင်းဖြင့်  နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။ ပူးပေါင်းဆောင် ရွက်ရမယ့် အခွင့်အလမ်းတွေကိုလည်း မြင်လာမယ်လို့ ယူဆပါတယ်။ ဒီလိုပွဲတွေပြုလုပ်ပေးခြင်းဖြင့် နှစ်နိုင်ငံရဲ့ အပြန်အလှန် သဘောထားတွေ၊   ဆက်ဆံမှုတွေ အထူးသဖြင့် ကုလသမဂ္ဂစင်မြင့်ပေါ်မှာ  ကျွန်တော်တို့ နိုင်ငံကို ရုရှားနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးမှုတွေကို ပိုပြီးနားလည်သဘောပေါက် လာမှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ အခွင့်အလမ်းတွေ၊ စီးပွားရေး၊ ပညာရေးစတဲ့ အခြားအခွင့်အလမ်းတွေ  ဘာတွေ ရှိလာမလဲဆိုတာ တွေ့လာမှာဖြစ်ပါတယ်။  မဟာဗျူဟာမိတ်ဖက်အဖြစ်လည်း ရှေ့ကို ဆက်ပြီး ဆက်ဆံရေး တိုးတက်ခိုင်မာ သွားမယ်လို့ သုံးသပ်မိပါတယ်။

မရတီဦး(မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ)

    (၇၅)နှစ်မြောက်  မြန်မာ-ရုရှား သံတမန် ဆက်သွယ်ထူထောင်မှု  အထိမ်းအမှတ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်ကို လာရောက်လေ့လာဖြစ်တာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့်    ကျွန်မတို့လို ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အခက်အခဲတွေရယ်၊   နောက်ပြီး   ကျွန်မတို့လို ကျောင်းသားတွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ရနိုင်မလဲ ဆိုတာတွေကို သိရှိခွင့်ရခဲ့ပါတယ်။ နောင်အနာဂတ်မှာရော ကျွန်မတို့ရဲ့   မောင်ငယ်၊ ညီမငယ်တွေ အတွက် ဘယ်လို အခွင့်အလမ်းတွေ ရရှိမယ် ဆိုတာတွေကို သိချင်တာနဲ့ လာရောက်ပြီး   ဒီဖိုရမ်ကို  တက်ရောက်လေ့လာခြင်း ဖြစ်ပါတယ်။  ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်မတို့အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ  ပါဝင်ခွင့်ရမလဲဆိုတာတွေကို လေ့လာသိရှိခဲ့ရပါတယ်။ ဒီဖိုရမ်ကနေ လက်ရှိမှာရော၊   အနာဂတ် မျိုးဆက်သစ်တွေရော အားလုံးအတွက် များစွာအကျိုးရှိမယ်လို့   ယုံကြည်ပါတယ်။

ဇော်မျိုး(နေပြည်တော်)