ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဒုတိယဗိုလ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ နီကိုလိုင်း ပက်တ်ထရူးရှက်ဖ်ထံသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကျရောက်သည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အခါသမယတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စားနှင့် မိမိတို့မှ အဆွေတော်ထံသို့ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။

မြန်မာ-ရုရှားပူးပေါင်းဆောင်ရွက်မှုသည် အစဉ်အလာအရ ခိုင်မြဲသော ကာလရှည်ကြာချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုတို့အပေါ် အခြေခံထားကြောင်း ယခုကဲ့သို့ မင်္ဂလာရှိသောအခါသမယတွင် ထပ်လောင်းပြောကြားလိုပါသည်။ လွန်ခဲ့သည့်နှစ်ပေါင်း (၇၀)ကျော်အတွင်း မိမိတို့အနေဖြင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုကဲ့သို့သော ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးမှတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတွင် သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ပါသည်။

နှစ်နိုင်ငံအပြန်အလှန်ထိတွေ့မှုများနှင့် ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာနယ်ပယ်အပါအဝင် ကဏ္ဍစုံရှိ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် သာယာဝပြောမှုအတွက် တိုးတက် ခိုင်မာလျက်ရှိကြောင်း  အခွင့်ကြုံခိုက် အလေးထားပြောကြားလိုပါသည်။

နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်ခိုင်မာစေရန်နှင့် အာရှပစိဖိတ်ဒေသနှင့် ကမ္ဘာ့ရေးရာများတွင်   ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းများဖြင့် လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှု တိုးမြင့်စေရေးကြိုးပမ်းရန် ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုအပ်ပါသည်။

အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် ရုရှားပြည်သူများအားလုံး အောင်မြင်ပျော်ရွှင်၍ သာယာဝပြောပါစေကြောင်း လှိုက်လှဲစွာဆုမွန်ကောင်း တောင်းအပ်ပါသည်။