ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့ထံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထော

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက်  စိန်ရတုအထိမ်းအမှတ်အခါသမယတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့ထံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ပေးပို့သည့်သဝဏ်လွှာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အခါသမယတွင် အဆွေတော်အား လှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တည်ဆောက်ခဲ့သည့် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် လေးစားမှုတို့အပေါ် အခြေခံသည့် နှစ်နိုင်ငံဆက်ဆံရေးသည် နယ်ပယ်ကဏ္ဍစုံတွင် တဖြည်းဖြည်း တိုးတက်လျက်ရှိပါသည်။   ယုံကြည်အားထားရသော နိုင်ငံရေးဆွေးနွေးမှုများနှင့် ဦးစားပေးကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက် လာနိုင်ခြင်းတို့ကို  ၂၀၂၂  ခုနှစ်၊ စက်တင်ဘာလတွင် ဗလာဒီဗော့စတော့မြို့၌ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်ကာလအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံမှုက သက်သေထူနိုင်ခဲ့သည့်အပေါ် ဝမ်းမြောက်စွာမှတ်သားမိပါသည်။

နိုင်ငံတကာနှင့် ဒေသတွင်းအရေးကြီးကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ချိတ်ဆက် ဆောင်ရွက်မှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများတွင် ညှိနှိုင်းကြိုးပမ်းမှုများ ပိုမိုခိုင်မာစေနိုင်ရန် မိမိတို့က အထူး အလေးထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့သို့ ပါဝင် ဆောင်ရွက်လိုခြင်းသည် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သစ်တစ်ရပ် ဖြစ်ထွန်းလာစေပါသည်။ 

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် အရှေ့တောင်အာရှနှင့် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး၏လုံခြုံရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

အဆွေတော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လုပ်ဖော်ကိုင်ဖက်များအားလုံး ကျန်းမာရွှင်လန်း၍ လုပ်ငန်းတာဝန်များတွင်   အောင်မြင်မှုများ ရရှိပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။