“(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ”ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချူပ်၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် က Video Message ပေးပို့၍ အဖွင့်အမှာစကား ပြောကြား

“(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချူပ်၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် က Video Message ပေးပို့၍ အဖွင့်အမှာစကား ပြောကြား

နေပြည်တော်၊ (၂၀၂၃)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်

    “(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ”ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် နံနက် ၈:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန၊ အမှတ်(၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချူပ်၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် က Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားပါသည်။ (နိုင်ငံတော်စီမံ အုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချူပ်၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၏ အဖွင့်အမှာစကားကို သီးခြားဖော်ပြထားသည်။) 

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကား ပြောကြား ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ လူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ညီလာခံ သည် မြန်မာ့ဆေးပညာလောကအတွက် အစဉ်အလာကြီးမားသည့် ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖြစ်၍ ထူးချွန်သော မြန်မာ့ကျန်းမာရေးသုတေသီတို့အတွက် ဂုဏ်ယူပါကြောင်း၊ ယခုနှစ်ညီလာခံ၏ အဓိက ဦးတည်ချက်ခေါင်းစဉ် (Theme) အဖြစ် “The Fight Against Zoonotic Diseases: A One Health Approach” - “တိရစ္ဆာန်မှတဆင့် ကူးစက်နိုင်သောရောဂါများကို တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” ဟုသတ်မှတ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်အချိုးကျဆက်စပ်နေသဖြင့် သုတေသနပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ သုတေသနများဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးရှိမည့် ကျန်းမာရေး သုတေသနများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုတေသနစာတမ်းရှင်များအနေဖြင့် ကျန်းမာရေး အသိပညာဖလှယ်မှု (Knowledge Sharing & Management) ပိုမိုခိုင်မာ ကျယ်ပြန့်လာစေရန် ညီလာခံသို့ စာတမ်းတင်သွင်းရုံမျှမကပဲ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနတွေ့ရှိချက်များကို ဖော်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။ ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တပ်မတော်ဆေးသုတေသနတပ်မှ တာဝန်ရှိသူများက သုတေသနပိုစတာ ပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။