ယူကရိန်းသို့ ဂျိုးဘိုင်ဒင် လာရောက်မှု ရွေးကောက်ပွဲအတွက် လူထုထောက်ခံနှုန်း တိုးစေရန်သာဖြစ်

ယူကရိန်းသို့ ဂျိုးဘိုင်ဒင် လာရောက်မှု ရွေးကောက်ပွဲအတွက် လူထုထောက်ခံနှုန်း တိုးစေရန်သာဖြစ်

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ကြိုတင်ကြေညာထားခြင်း မရှိဘဲ ယူကရိန်းနိုင်ငံသို့ လာရောက်မှုသည် အမေရိကန် ပြည်တွင်း၌ ကျင်းပမည့်  ရွေးကောက်ပွဲအတွက်  လူထုထောက်ခံနှုန်း တိုးစေရန်သာဖြစ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများကပြောသည်။

ဂျိုးဘိုင်ဒင်သည်   ဖေဖော်ဝါရီ  ၂၀ ရက်တွင်  ယူကရိန်းနိုင်ငံသို့ ရောက်ရှိကာ ယူကရိန်းသမ္မတနှင့် တွေ့ဆုံဆွေးနွေးသည်။ ယင်းနောက် ၎င်းသည် ပိုလန်နိုင်ငံသို့ ခရီးဆက်မည်ဖြစ်သည်။

“အခုလုပ်ဆောင်ချက်က ဘိုင်ဒင်အနေနဲ့ သူ့ရဲ့ပြည်တွင်းမှာ လူထုထောက်ခံမှု တိုးတက်စေဖို့သာ လုပ်ဆောင်တာပါ။ သူက ယူကရိန်းကိစ္စမှာ  ရလဒ်တချို့ကို ထုတ်ပြနိုင်ရေးအတွက် ယူကရိန်းကို ထောက်ပံ့ပေးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အခုဆိုရင် ရီပတ်ဘလစ်ကန်တွေက သူ့ကိုအပြစ်တင်ရှုတ်ချဖို့   ပြင်ဆင်နေပြီဖြစ်တဲ့အတွက် သူ့ရဲ့လုပ်ဆောင်ချက်ကနေ ရလဒ်ထွက်ပေါ်လာဖို့ အရေးကြီးနေပါတယ်” ဟု ရုရှားသိပ္ပံ အကယ်ဒမီ   ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးအဖွဲ့မှ   ဗစ်တိုးရီးယား ဇူရာလဲဗာကပြောသည်။

ထို့အတူ အမေရိကန်နိုင်ငံမှ ငွေကြေးများသည် ယူကရိန်းနိုင်ငံသို့ အတားအဆီးမရှိ ဝင်ရောက်နေမှုနှင့် ပတ်သက်၍ ရီပတ်ဘလစ်ကန်တို့၏ ဝေဖန်မှုနှင့်ရင်ဆိုင်ရမည့် အခြေအနေတွင်   ယူကရိန်းနိုင်ငံအား ထောက်ပံ့ရေးအတွက် ငွေကြေးမည်မျှသုံးစွဲ လိုက်သည်ကို ပြသနိုင်ရေး အတွက်လည်း ဂျိုးဘိုင်ဒင်က ယူကရိန်းသို့ လာရောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဂျိုးဘိုင်ဒင်က  ယူကရိန်းသမ္မတနှင့် တွေ့ဆုံစဉ်   ယခုသီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံအား ဒေါ်လာဘီလီယံပေါင်း များစွာ  ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

အလားတူ ဂျိုးဘိုင်ဒင်က ၎င်းအနေဖြင့် သမ္မတဖြစ်နေသမျှ ကာလပတ်လုံး ယူကရိန်းနိုင်ငံအား ထောက်ပံ့ပေးသွားမည်ဟု ပြောထားကြောင်း သိရသည်။ 

Ref: Sputnik