Nike နှင့် Adidas များကို ထုတ်လုပ်နေသော ဗီယက်နမ်ဖိနပ်စက်ရုံတစ်ရုံက အလုပ်အကိုင်နေရာ ၆၀၀၀ ကိုလျှော့ချ

Nike နှင့် Adidas များကို ထုတ်လုပ်နေသော ဗီယက်နမ်ဖိနပ်စက်ရုံတစ်ရုံက အလုပ်အကိုင်နေရာ ၆၀၀၀ ကိုလျှော့ချ

ကမ္ဘာကျော်ဖိနပ်အမှတ်တံဆိပ်များဖြစ်သော Nike နှင့် Adidas တို့၏ဖိနပ်များ ကိုထုတ်လုပ်ပေးနေသည့် ဗီယက်နမ်နိုင်ငံရှိ အကြီးဆုံးဖိနပ်စက်ရုံတစ်ရုံက အလုပ် အကိုင်နေရာ ၆၀၀၀ ကိုလျှော့ချသွားမည် ဖြစ်ကြောင်းသိရသည်။

တရုတ်(တိုင်ပေ)အခြေစိုက် ပိုချန်းအုပ်စု၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော ပိုယွမ်ဗီယက်နမ် ကုမ္ပဏီက စက်ရုံအလုပ်သမား ၃၀၀၀ ကို အလုပ်ဖြုတ်မည်ဖြစ်ပြီး နောက်ထပ်အလုပ်သမား ၃၀၀၀ ကို စာချုပ်အသစ်များ ထပ်မံချုပ်ဆိုတော့မည် မဟုတ်ကြောင်း ဟိုချီမင်းမြို့တော် အလုပ်သမားရေးရာဌာနက ပြောသည်။

ယခုကဲ့သို့ အလုပ်အကိုင်နေရာများကို လျှော့ချရခြင်းသည် ၂၀၂၃ ခုနှစ်အတွက် အမှာစာများလွန်စွာ လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း အလုပ်သမားရေးရာ ဌာန၏     ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အဝတ်အထည်၊ ဖိနပ်နှင့် ပရိဘောဂများ ကို အများဆုံး တင်ပို့နေသည့်နိုင်ငံဖြစ်ပြီး ဥရောပနှင့် အမေရိကန်တို့၌ လူနေမှုစရိတ် မြင့်တက်လာခြင်းနှင့်  ကမ္ဘာတစ်ဝန်း၌ စားသုံးသူများ၏ ဝယ်လိုအားကျဆင်းလာခြင်းတို့ကြောင့်  ဖြစ်ပေါ်လာသည့်အကျိုး ဆက်ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဟိုချီမင်းမြို့၌   တည်ရှိသည့်  ပိုယွမ် ဗီယက်နမ်ကုမ္ပဏီသည်  အလုပ်သမား အင်အား ၅၀၀၀၀ ခန့်ကို အလုပ်အကိုင် နေရာ ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

Ref: TST