ဗြိတိန်မိသားစုတစ်စုက ခိုးယူခံရသောရှေးဟောင်း ရတနာပစ္စည်း ၇၇ မျိုးကို ကမ္ဘောဒီးယားသို့ပြန်ပေး

ဗြိတိန်မိသားစုတစ်စုက ခိုးယူခံရသောရှေးဟောင်း ရတနာပစ္စည်း ၇၇ မျိုးကို ကမ္ဘောဒီးယားသို့ပြန်ပေး

ဗြိတိန်မိသားစုတစ်စုက လူအများပင် တွေ့မြင်ဖူးခြင်းမရှိသည့် ခိုးယူခံရသော ရှေးဟောင်းရတနာပစ္စည်း   ၇၇  မျိုးကို ကမ္ဘောဒီးယားအစိုးရသို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းရတနာပစ္စည်းများသည် ခမာအင်ပါယာကြီးစိုးသည့် အန်ကောခေတ်မှ  လက်ဝတ်လက်စားများ ဖြစ်ပြီး ၎င်းတို့တွင်  သရဖူများ၊  လည်ဆွဲများ၊ လက်ပတ်များအပြင် အခြားသော အဖိုးတန်ရတနာပစ္စည်းများ ပါဝင်သည်။

ဗြိတိန်နိုင်ငံမှ ရှေးဟောင်းပစ္စည်းစုဆောင်းသူ ဒေါက်ဂလပ်လတ်ချဖို့၏   မိသားစုက အဆိုပါရတနာပစ္စည်း ၇၇ မျိုးကို ပြန်ပေးခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒေါက်ဂလပ်လတ်ချဖို့သည် ၂၀၂၀ ပြည့်နှစ်တွင် အနုပညာပစ္စည်းတရားဝင်ရောင်းဝယ်မှုဖြင့် အမေရိကန်နိုင်ငံ၌ တရား ရင်ဆိုင်ရန် စောင့်ဆိုင်းနေစဉ် ကွယ်လွန်သွားခြင်းဖြစ်ပြီး ယင်းနှစ်မှာပင် ၎င်းင်း၏မိသားစုက   အဆိုပါ ရတနာပစ္စည်းများ ကိုပြန်ပေးရန် ကမ္ဘောဒီးယားအစိုးရနှင့် သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရသည် ဒေါက်ဂလပ်လတ်ချဖို့မိသားစုထံမှ ကျောက်ထွင်းနှင့် ကြေးသွန်းအနုပညာ ပစ္စည်းငါးမျိုးကိုလည်း လက်ခံရရှိဖူးသည်။

ဆယ်စုနှစ်ပေါင်းများစွာကြာ ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့်    ခံစားနေရသည့် ကမ္ဘောဒီးယားနိုင်ငံသားများ၏ စိတ်ဒဏ် ရာကိုကုသရန်နှင့် ပြန်လည်ပေါင်းစည်းရေး အတွက် ခိုးယူခံရသော အနုပညာလက်ရာပစ္စည်းများကို     ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်ပေးရန် ယဉ်ကျေးမှုဝန်ကြီးက ကမ္ဘာတစ်ဝန်းရှိ ရှေးဟောင်းပစ္စည်းစုဆောင်းသူများနှင့် ရှေးဟောင်းပစ္စည်းပြတိုက်များကို တောင်းခံထားကြောင်း သိရသည်။

Ref: TST