ဘရာဇီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူဦးရေ ၄ ဦးအထိမြင့်တက်

ဘရာဇီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူဦးရေ ၄ ဦးအထိမြင့်တက်

ဘရာဇီးနိုင်ငံ ဆောင်ပေါင်လိုပြည်နယ် တွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူအရေအတွက်မှာ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၄၈ ဦးအထိမြင့်တက်လာပြီဖြစ်ကြောင်း ပြည်နယ်အစိုးရကထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းမှုများသည် အဆိုပါပြည်နယ်အတွင်းရှိမြို့များတွင် ပြီးခဲ့ သည့်ရက်သတ္တပတ် အကုန်ပိုင်းမှစ၍ ဖြစ်ပွား ခြင်းဖြစ်ပြီး အချို့ဒေသတွင် မိုးရေချိန်သည် ၆၀၀ မီလီမီတာအထိရွာသွန်းခဲ့ကြောင်း အာဏာပိုင်အဖွဲ့က  ထုတ်ပြန်ထားသည်။မိုးရွာသွန်းမှုကြောင့် ဒေသအတွင်း၌ မြေပြို ခြင်းများနှင့် ရေကြီးခြင်းများဖြစ်ပွားခဲ့ရာ လူအများအပြား ပျောက်ဆုံးလျက်ရှိသောကြောင့် အစိုးရက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို  ဆက်လက်လုပ်ဆောင်လျက်ရှိရာ သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်လာနိုင်ကြောင်း    ပြည်နယ်အစိုးရကထုတ်ပြန်သည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးရွာသွန်းမှုကြောင့် ဆောင်ပေါင်လိုပြည်နယ်ရှိ အီဟာဘယ်လာ၊ ကာရာဂွါတာ တူဘာ၊ ဘာတီယိုဂါနှင့် အူဘာတူဘာ စသည့်မြို့တို့တွင်  ဆိုးရွားသည့်ရေကြီးမှု များ ဖြစ်ပွားခဲ့သည်။

ပြည်နယ်အတွင်း၌  မိုးဆက်လက်ရွာ သွန်းနိုင်ပြီး မြေပြိုမှုများကြောင့် ဒေသတွင်းရှိ အဓိကအဝေးပြေး လမ်းမကြီးများအား  အာဏာပိုင်များကဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။        

Ref:ST