မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၅၀၀ ကျော် ရရှိထား

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၅၀၀ ကျော် ရရှိထား

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၅၀၀ ကျော် ရရှိထား ကြောင်း   စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကုန်သွယ်မှု ပမာဏသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် အထိ ၁၀ လခွဲတာ ကာလအတွင်း ရရှိထားသည့် စာရင်းဖြစ်ပြီး ပို့ကုန်မှ အမေရိကန် ဒေါ်လာ ၃၀၈၆ ဒသမ ၉၂၃ သန်းနှင့် သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၁၅၁၂ ဒသမ ၅၅၆ သန်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၅၉၉ ဒသမ ၄၇၉ သန်းရရှိထားသည်။

ပြီးခဲ့သည့်ကာလတူက မြန်မာ-ထိုင်း  ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၄၂၈၉ ဒသမ ၈၂၇ သန်း ရရှိထားသည့်အတွက် ယခုကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၆၅၂ သန်း ပိုမိုရရှိထားသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုအနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်လျက်ရှိပြီး ထီးခီး ကုန်သွယ်ရေးစခန်းမှ     ကုန်သွယ်မှုပိုများကြောင်း သိရသည်။

မြန်မာနိုင်ငံမှ   ထိုင်းနိုင်ငံသို့  CMP? လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက် ကုန်ပစ္စည်းများ  တင်ပို့မှုရှိပြီး  လယ်ယာ ထွက်ကုန်ပစ္စည်းများမှ ချင်းခြောက်၊ ငရုတ်၊ ပြောင်းမှုန့်၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ နနွင်း၊ နှမ်း၊ သခွားစေ့၊ ပီလောပီနံမှုန့်၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဆန်ကွဲ၊ မြေပဲ၊ ပီလောပီနံခြောက် စသည်တို့ကို တင်ပို့လျက်ရှိကြောင်း၊ ရေထွက်ကုန်ပစ္စည်းများမှ  ငါးပါးနီ၊ ငါးကွမ်းရှပ်၊ ကျောက်ငါး၊ ငါးမြွေထိုး၊ ငါးပြေမ၊ ကကူရံ၊ ငါးသလောက်၊ ငါးဓားလွယ်၊ ငါးမုတ်၊ ကဏန်း၊ ပုစွန်၊ ငါးပိစသည်တို့ကို တင်ပို့လျက်ရှိကြောင်း သိရသည်။