နိုင်ငံအတွင်းသို့ ရေနံပေးပို့မှုကို ရုရှားရပ်ဆိုင်းဟု ပိုလန်ထုတ်ပြန်

နိုင်ငံအတွင်းသို့ ရေနံပေးပို့မှုကို ရုရှားရပ်ဆိုင်းဟု ပိုလန်ထုတ်ပြန်

    နိုင်ငံအတွင်းသို့ ပေးပို့နေသည့်  ရေနံ ပို့ဆောင်မှုကို ရုရှားနိုင်ငံက ရပ်ဆိုင်းလိုက် ကြောင်း ပိုလန်နိုင်ငံပိုင် ရေနံချက်စက်ရုံကြီးဖြစ်သည့် PKN Orlen က ဖေဖော်ဝါရီ ၂၅ ရက်တွင်ထုတ်ပြန်သည်။

ရုရှားနိုင်ငံသည်  Druzhba ပိုက်လိုင်း မှတစ်ဆင့် နိုင်ငံအတွင်းသို့ ပေးပို့နေသည့် ရေနံတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ နိုင်ငံအတွင်း လိုအပ်သည့် ရေနံစိမ်းပမာဏ ၏ ၁၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ တင်သွင်း နေခြင်းဖြစ်သောကြောင့် ပိုလန်နိုင်ငံအနေ ဖြင့် လိုအပ်သည့်ရေနံကို အခြားနေရာမှ ဝယ်ယူတင်သွင်းမည်ဖြစ်ကြောင်း PKN Orlenမှ အမှုဆောင်အရာရှိချုပ် ဒန်းနီ ယယ်အိုဘက်တက်ကပြောသည်။

ရုရှားနိုင်ငံမှ  ရေနံတင်သွင်းမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပိုလန်နိုင်ငံအနေဖြင့် အနောက်အာဖရိကဒေသ၊ မြေထဲပင်လယ်ဒေသ၊ ပင်လယ်ကွေ့ဒေသနှင့် မက္ကဆီကို ပင်လယ်ကွေ့တို့မှ ရေနံကို ဝယ်ယူတင်သွင်း ရမည်ဖြစ်သည်။

ထို့ပြင် ပိုလန်နိုင်ငံသည် နိုင်ငံကလိုအပ် နေသည့်ရေနံကို ဝယ်ယူတင်သွင်းနိုင်ရေး အတွက် ဆော်ဒီအာရေဗျ စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Aramco နှင့်လည်း ရေနံ ဝယ်ယူရေး သဘောတူညီချက်တစ်ရပ်ကို ရေးထိုးထားကြောင်း သိရသည်။

ယူကရိန်း    ပဋိပက္ခဖြစ်ပွားပြီးနောက် ဥရောပသမဂ္ဂအဖွဲ့က ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကြောင့် ရုရှားနှင့် ယင်းသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများကြား စွမ်းအင်တင်ပို့ရေးနှင့်စပ်လျဉ်း၍ သဘောထား ကွဲလွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။