ပြန်ပေးဆွဲခံရသည့်ကလေးငယ်တစ်ဦးအား အာဖဂန်ရဲတပ်ဖွဲ့က ပြန်လည်ကယ်ဆယ်

ပြန်ပေးဆွဲခံရသည့်ကလေးငယ်တစ်ဦးအား အာဖဂန်ရဲတပ်ဖွဲ့က ပြန်လည်ကယ်ဆယ်

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ခွန်ဒက်ပြည်နယ်တွင် ပြန်ပေးဆွဲခံခဲ့ရသည့် ကလေးငယ်တစ်ဦးအား ရဲတပ်ဖွဲ့ကပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ပြန်ပေးသမားကိုပါဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျူမာအူဒင်ခက်ဆာရီက ဖေဖော်ဝါရီ ၂၆ ရက်တွင်ပြောသည်။

ရဲတပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးစစ်ဆင်မှုတစ်ခုအတွင်း အသက်သုံးနှစ်အရွယ်ရှိ အဆိုပါ ကလေးငယ်အား ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် ပြန်လည် ကယ်ဆယ်နိုင်ခြင်းဖြစ်ပြီး ကလေးငယ်၏ မိဘများထံသို့ ကလေးငယ်အားပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ခက်ဆာရီက သတင်းထောက်များကို ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များသည်  ကလေးငယ်အားပြန်ပေးဆွဲခဲ့သည့်အမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်တွင် ပြန်ပေးဂိုဏ်းများသည်ချမ်းသာကြွယ်ဝသည့်မိသားစုများ၏ ကလေးသူငယ်များအား ဖမ်းဆီးပြန်ပေးဆွဲ၍ ငွေကြေးဖြင့် ပြန်လည်ရွေးယူရန် မိသားစုဝင်များအား  ခြိမ်းခြောက်လေ့ရှိကြောင်း သိရသည်။                  

Ref:Xinhua