ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား၂ ဒသမ ၁၄ သန်းအထိဝင်ရောက်ထား

ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား၂ ဒသမ ၁၄ သန်းအထိဝင်ရောက်ထား

ယခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ သို့ ပြည်ပခရီးသွားစုစုပေါင်း ၂ ဒသမ ၁၄ သန်းအထိ ဝင်ရောက်ထားကြောင်း ခရီး သွားလုပ်ငန်းဝန်ကြီးဌာနက ဖေဖော်ဝါရီ  ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း ခရီးသည်ဝင်ရောက် ခွင့်ကန့်သတ်ထားသည့် ၂၀၂၂ ခုနှစ် ဇန်န ဝါရီလတွင် ပြည်ပခရီးသွားဝင်ရောက်မှု ၁၃၃၈၂၈ ဦးသာရှိရာမှ ကန့်သတ်ချက် များကိုဖြေလျှော့ပေးလိုက်သော နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတို့တွင် ပြည်ပခရီးသွား ၁ ဒသမ ၇၅ သန်းနှင့် ၂ ဒသမ ၂၄ သန်းတို့ အထိဝင်ရောက်လာသည်ကိုတွေ့ရသည်။

ဇန်နဝါရီလအတွင်း အများဆုံးဝင်ရောက် ခဲ့သည့်ခရီးသွားများမှာ မလေးရှားနိုင်ငံမှ ၂၈၈၇၄၅ ဦး၊ ရုရှားနိုင်ငံမှ ၂၀၂၇၅၉ ဦး နှင့် တောင်ကိုရီးယားနိုင်ငံမှ ၁၆၉၄၆၂ ဦး တို့ဖြစ်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ပြည်ပခရီးသွားများဝင်ရောက် မှုမြင့်တက်လာခြင်းသည် တရုတ်နိုင်ငံက ၎င်းင်းတို့၏နယ်စပ်များကို ဖွင့်လှစ်ပေးလိုက်ခြင်းသည်လည်း အကြောင်းရင်းတစ်ခုအဖြစ် ပါဝင်ကြောင်း၊ ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ ခရီးသွား  ခုနစ်သန်းမှ  ရှစ်သန်းကြားဝင်ရောက်မည်ဟုခန့်မှန်းရကြောင်း  ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းသည်  ထိုင်းနိုင်ငံ၏စီးပွားရေးနှင့်  အလုပ်အကိုင်ရှာဖွေရေး အတွက် အဓိကကျသော အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်နေပြီး ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းကို အဆိုပါကဏ္ဍ က ဖန်တီးပေးခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်နှစ်အတွင်း ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာကာ ပြည်ပခရီးသွားစုစုပေါင်း ၁၁ ဒသမ ၁၅ သန်း အထိဝင်ရောက်ထားသည်။

၂၀၁၉ ခုနှစ်တွင် ပြည်ပခရီးသွား သန်း ၄၀ ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင်  ပြည်ပခရီးသွား သန်း ၃၀ အထိဝင်ရောက်  နိုင်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုချန်အို ချာကမျှော်မှန်းထားကြောင်း သိရသည်။

Ref: Bangkok Post