စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၆၈)

နမူနာအဖြစ် ဒီစီမံကိန်းမှာ တပ်ဆင်အသုံးပြုသွားတဲ့ ရေအားလျှပ်စစ် တာဘိုင်နဲ့ စက်ပစ္စည်းတွေ၊ ထုတ်လုပ်တင်သွင်းသွားတဲ့ ကုမ္ပဏီနာမည်တွေ နဲ့ နိုင်ငံအချို့ကို ကြည့်ရုံနဲ့သိနိုင်လို့ အောက်မှာယှဉ်တွဲပြီး ဖော်ပြလိုက်ပါ တယ်။  စီမံကိန်းတည်ဆောက်ရေးသုံး  စက်ယန္တရားတွေ၊  ပစ္စည်းတွေ ရောင်းသွားတာလည်း သူတို့ပါပဲ။

မြစ်ကျဉ်းသုံးသွယ်စီမံကိန်းသို့ ပစ္စည်းတင်သွင်းသည့် ပြည်ပကုမ္ပဏီများ

            - Alstom          (ပြင်သစ်)

            - ABB Group     (ဂျာမနီ)

            - Kaverner        (နော်ဝေ)

            - Voith                   (ဂျာမနီ)

            - General Electric (အမေရိကန်)

            - Siemen                  (ဂျာမနီ)

တရုတ်နိုင်ငံမှာ  တံခါးဖွင့်ပြီး စီးပွားရေးလုပ်ပြီဆိုတာနဲ့  အရင်ဆုံးဂိတ်ပေါက်မှာလာပြီး တန်းစီတာလည်း သူတို့ပါပဲ။ တရုတ်နိုင်ငံက ဓာတ် အားခဈေးသက်သာတာ၊ ကုန်ပစ္စည်းဈေးကွက်ကြီးမားတာကိုမက်ပြီး အကြီးအကျယ် လုပ်ငန်းတွေချဲ့ထွင်နေကြတာလည်း သူတို့ပါပဲ။ တရုတ် လူဦးရေ သန်း ၁၄၀၀ ကျော်ရှိတဲ့ ဈေးကွက်ကြီးကိုမက်ပြီး တရုတ်ဖက်စပ် ကုမ္ပဏီတွေထောင်ပြီး  Made In China ဆိုတဲ့  တံဆိပ်အကပ်ခံပြီး ကမ္ဘာကို ပစ္စည်းတင်ပို့နေကြတာလည်း သူတို့ပါပဲ။

ဒီလိုအောင်မြင်တာကို မိမိတို့က မုဒိတာပွားရမှာပါ။ အတုယူကြရမှာပါ။ အဓိကလိုအပ်တာကတော့ ကိုယ်လုပ်သင့်တယ်ထင်တဲ့ ပြည်သူအများစု ရေရှည်အကျိုးရှိမယ့်အလုပ်ကို ရဲရဲလုပ်ဖို့ပါပဲ။

မြစ်ကျဉ်းသုံးသွယ်နဲ့ ကာဗွန်လျှော့ချနိုင်မှု

မြစ်ကျဉ်းသုံးသွယ်လုပ်လိုက်လို့ ကမ္ဘာကြီးပူနွေးလာတာတို့၊ မှန်လုံအိမ်ဓာတ်ငွေ့ထွက်တာ များနေတာတို့ဆိုတာတွေကို ဘယ်လောက်သက်သာ သွားသလဲဆိုတာ ဖော်ပြပါမယ်။

မြစ်ကျဉ်းသုံးသွယ်စက်ရုံကထွက်နေတဲ့ဓာတ်အားဟာ နှစ်စဉ်ကျောက် မီးသွေးတန်ချိန် ၃၁ သန်း မီးရှို့လို့ရလာမယ့် ဓာတ်အား ပမာဏနဲ့ညီပါ တယ်။ ဒီပမာဏဟာ စောစောကပြောခဲ့တဲ့ မှန်လုံအိမ်ဓာတ်ငွေ့ (Green House Gas- GHG) တန်ချိန်သန်း ၁၀၀ ပမာဏကို နှစ်စဉ် လျှော့ချနိုင် ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ မြန်မာတစ်နိုင်ငံလုံး ၂၀၁၅ ခုနှစ်က ထုတ်လွှတ် ခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့ သုံးဆပမာဏနဲ့ညီပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် GHG လျှော့ချဖို့ လူထုဟောပြောပွဲတွေမှာရော စာစောင်တွေမှာပါ တက်ကြွစွာ ဟောပြောရေးသား စည်းလုံးလှုပ်ရှားနေသူတွေကလည်း  ကမ္ဘာ့အလယ်  မြန်မာ မျက်နှာငယ်နေရတဲ့ဘဝကလွတ်ဖို့ လုပ်သင့် လုပ်ထိုက်တဲ့ အကြီးစား ရေအားလျှပ်စစ် စီမံကိန်းကြီးအချို့လုပ်နိုင်ဖို့ စဉ်းစားကြဖို့လိုသလို စီမံကိန်း ဆောင်ရွက်နေသူများကလည်း စနစ်တကျဆောင်ရွက်ဖို့တော့ လိုပါလိမ့်မယ်။

ယမ်စီနဲ့လက်တက်များပေါ်မှ စီမံကိန်းများ

ယမ်စီနဲ့လက်တက်များပေါ်က ရေအားလျှပ်စစ်တာတမံပေါင်းများစွာ ထဲက ထင်ရှားတဲ့စီမံကိန်းတွေကို တစ်ဖက်မှာလေ့လာနိုင်ဖို့ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံ ယမ်စီမြစ်နဲ့ လက်တက်များပေါ်မှ ရေအားလျှပ်စစ်တမံ အချို့ ရေအားအရင်းအမြစ်ပေါတဲ့နိုင်ငံ ဘာလုပ်သင့်သလဲ ဒီလို ကမ္ဘာ့နိုင်ငံတွေမှာ နိုင်ငံအတွက်အကျိုးရှိမယ့် ရေအားလျှပ်စစ် လုပ်ငန်းတွေကို အင်တိုက်အားတိုက်ဆောင်ရွက်နေချိန်မှာ မိမိတို့လို ရေအားအရင်းအမြစ် ပေါကြွယ်ဝတဲ့နိုင်ငံက ဘာလုပ်သင့်ပါသလဲ။

လျှပ်စစ်ရရင်ပြီးရော L.N.G သို့မဟုတ် Gas ကိုသုံးရင် လျှပ်စစ်လိုသလောက်ရတာပဲ၊ မြန်မြန်မီးထွက်တာပဲဆိုရုံနဲ့ ပြီးကြတော့မှာလား၊ ပြည်သူကို နားလည်အောင် မရှင်းပြကြတော့ဘူးလား။ မသိမသာ ဘာသိ ဘာသာ နေသွားကြတော့မှာလား၊ ဒါပေမဲ့ ဒီလိုလုပ်ရင် ဓာတ်အားခကတော့ နေမှာမဟုတ်ပါဘူး။ လိုက်တက်လာမှာပေါ့။ ရလာတဲ့ ဆိုးကျိုးရလဒ်ကိုလည်း ပြည်သူတွေရော နိုင်ငံပါ ရေရှည်မှာ ခံစားကြရမှာပေါ့။မီးတော့ရတယ်၊ တစ်ယူနစ် အမေရိကန်ဒေါ်လာ ၁၁ ဆင့်ကျော် (မြန်မာ ငွေကျပ် ၁၅၀ ကျော်) ဝန်းကျင်နဲ့ ပေးကြရတော့မှာပေါ့။

ဆက်လက်ဖော်ပြပါမည်။