ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ မတ်လအတွင်း နိုင်ငံတကာကုန်တင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်ကုန်သွယ်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ မတ်လအတွင်း နိုင်ငံတကာကုန်တင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်ကုန်သွယ်မည်

ရန်ကုန်၊ ကုန်သွယ်ရေး

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ မတ်လအတွင်း နိုင်ငံတကာကုန်သွယ် ရေကြောင်းမှ ကုန်တင်သင်္ဘော ၅၅ စင်း ဝင်ရောက် ဆိုက်ကပ် ကုန်သွယ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ သိရသည်။

ထိုသို့   နိုင်ငံတကာသင်္ဘောလိုင်းများ ဆိုက်ကပ်ရာတွင်   Sealand Maersk Asia  သင်္ဘောလိုင်း၊  VASI Shipping သင်္ဘောလိုင်း၊ S,I,T သင်္ဘောလိုင်း၊  MSC Line သင်္ဘောလိုင်း၊ Ti2 Container Line သင်္ဘောလိုင်း၊ Samudera Shipping Line သင်္ဘောလိုင်း၊ Ever Green Line သင်္ဘောလိုင်း၊ X-Press Feeders သင်္ဘောလိုင်း၊ P.I.L သင်္ဘောလိုင်း၊ New Golden Sea (COSCO) သင်္ဘောလိုင်း၊ BLPL Line သင်္ဘောလိုင်း၊  R.C.L သင်္ဘောလိုင်း၊ I.A.L သင်္ဘောလိုင်း၊ Land And Sea သင်္ဘောလိုင်း၊ CMA- CGM သင်္ဘောလိုင်း၊ Gold Star Line သင်္ဘောလိုင်းနှင့် MTT Shipping သင်္ဘောလိုင်း စသည့်သင်္ဘောလိုင်းတို့မှ  ဝင်ရောက်ကုန်သွယ်မည်ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်တင်သင်္ဘောလိုင်းများ ဝင်ရောက်ဆိုက်ကပ်ရာတွင် Sealand Maersk Asia  သင်္ဘောလိုင်းမှ ၁၀ စင်း၊ VASI Shipping   သင်္ဘောလိုင်းမှ တစ်စင်း၊  S,I,T သင်္ဘောလိုင်းမှ လေးစင်း၊ MSC Line သင်္ဘောလိုင်းမှ လေးစင်း၊ Ti2 Container Line   သင်္ဘောလိုင်းမှ နှစ်စင်း၊  Samudera Shipping Line သင်္ဘောလိုင်းမှ ခုနစ်စင်း၊ Ever Green Line သင်္ဘောလိုင်းမှ နှစ်စင်း၊ X-Press Feeders  သင်္ဘောလိုင်းမှ သုံးစင်း၊ P.I.L သင်္ဘောလိုင်းမှ  သုံးစင်း၊ New Golden Sea (COSCO) သင်္ဘောလိုင်းမှ သုံးစင်း၊  BLPL Line သင်္ဘောလိုင်းမှ နှစ်စင်း၊  R.C.L  သင်္ဘောလိုင်းမှ သုံးစင်း၊  I.A.L သင်္ဘောလိုင်းမှ နှစ်စင်း၊ Land And Sea သင်္ဘောလိုင်းမှ တစ်စင်း၊ CMA-CGM  သင်္ဘောလိုင်းမှ  နှစ်စင်း၊ Gold Star Line သင်္ဘောလိုင်းမှလေးစင်းနှင့် MTT Shipping  သင်္ဘောလိုင်းမှ နှစ်စင်း စုစုပေါင်း သင်္ဘော  ၅၅  စင်း  ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မည်ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သို့ ဇန်နဝါရီလတွင် နိုင်ငံတကာကုန်တင်သင်္ဘော ၅၂ စင်းနှင့် ဖေဖော်ဝါရီလတွင် ၅၁ စင်း  ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့ပြီး  ကုန်သွယ်မှုများကို  ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ကုန်တင်သင်္ဘောဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၂၇ စင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။            

စောယု