တရားမဝင်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊  မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊  မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်   မတ်   ၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ    တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဖေဖော်ဝါရီ  ၂၄ ရက်တွင် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုးမြို့ Oriental High Way Toll Gate မှ (၇)မိုင်(၄)ဖာလုံခန့်နေရာ မြို့ရှောင်လမ်းမပေါ်၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်  (၁)စီးပေါ်မှ  တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Hand Bag (၃၀) အိတ်အပါအဝင် ကုန်ပစ္စည်း (၁၆)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၅၆၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ  တင်ဆောင်လာသော Mitsubishi Fuso Express အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင်  မူဆယ်မြို့၊   ကောင်းမှုတုံရပ်ကွက်၊ စက်မှုနယ်မြေ၊ စက်မှုလမ်းတွင် ရပ်တန့်ထားသော မော်တော်ယာဉ် (၂)စီးနှင့် ဂိုဒေါင် (၁)လုံးအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့စုံဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိသည့် မော်တော်ဆိုင်ကယ် (၃၁)စီး၊ မော်တော်ဆိုင်ကယ် Frame များနှင့်   အပိုပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၁၃၀၀၀၀)နှင့်  Toyota Wish အမျိုးအစား မော်တော်ယာဉ် (၂)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၀၀၀၀)ကိုလည်းကောင်း၊ မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေးဂိတ်၌ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော မော်တော်ယာဉ်များအား    မူဆယ်ခရိုင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က ရှောင်တခင်သွားရောက် စစ်ဆေးခဲ့စဉ် ဆင်ဖြူစစ်ဆေးရေးဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော အကောက်ခွန်မဲ့  HANDLE STEERING BAR MCSP (၁၅)ခု အပါအဝင်   ကုန်ပစ္စည်း(၁၁)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၂၂၈၄၅)ကို လည်းကောင်း၊ ကျိုင်းတုံမြို့အဝင် Toll Gate အနီး၌ ကျိုင်းတုံမြို့နယ်တရားမဝင်ကုန်ပစ္စည်းများ   တားဆီးရေးအဖွဲ့က တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော   မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အချိုမှုန့်ကီလိုဂရမ်(၂၀၀)၊  သွားတိုက်ဆေးကီလိုဂရမ် (၁၈၀)အပါအဝင်ကုန်ပစ္စည်း (၆)မျိုး(ခန့်မှန်း တန်ဖိုးငွေကျပ် ၇၃၄၅၀၀၀)ကို   လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၇၉၅၇၈၄၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ကုန်စည်များအတွင်းမှ သွင်းကုန်လိုင်စင်ခွင့်ပြုချက်ထက်    ပိုမိုတင်သွင်းလာသော RUTF Peanut Paste  (၁၅၅၈)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၇၂၃၉၀၃)ကိုလည်းကောင်း၊   ဖေဖော်ဝါရီ ၂၈ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Castable Cement (၂၅၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၂၅၀၀၀)နှင့် သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့်    KingFlower Creamer (၂၅၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂၅၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၅၉၈၉၀၃) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ   ဖေဖော်ဝါရီ ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌    တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ယောက်ျားစီးဖိနပ် (၂၅၀)ရန်၊ Lady Long Pant (၈၀၀)ထည်အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၁၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော YUTONG Express (၁)စီးနှင့် SUNLONG Express (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၈၃၄၁၆၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင်  မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ    စစ်ဆေးရေးအဖွဲ့က မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ ဟင်္သာရုပ်တု အဝိုင်းအနီး၌  မော်တော်ယာဉ်(၁)စီးအား   စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ ပေါင်းသား/ကြိတ်သား (အံဆွဲဗီရို)အဟောင်း (၁)လုံးအပါအဝင် ကုန်ပစ္စည်း (၁၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော  Mitsubishi Canter အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)၊  စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၂၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီကုန်သွယ်ရေးဇုန်၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)နှင့် သွင်းကုန်လိုင်စင်(IL)တို့တွင်    ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော Lucky Air-Cooler (၂၅)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူပင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင် ဆတ်ရိုးကျပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်တွေမြို့နယ်   ကျေးပင်ကြီးရပ်ကွက်၊ ရန်ပြေမာန်ပြေဘုရားရှေ့၊ ကုလားတန်မြစ် ရေလယ်တွင် ရပ်တန့်ထားသော ရေယာဉ်(၁)စင်းပေါ်မှ  တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံထွက် အာလူးကီလိုဂရမ် (၃၇၅၀၀)    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်သော  တန်ချိန်(၄၇.၀၃)တန်ရှိ သစ်သားရေယာဉ် (၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊  စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်    ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၇၁၂၂၇၄၈) ဖြစ်ကြောင်း တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။