ဆရာ၊ ဆရာမများ အနေဖြင့် ပညာရေး လုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိစေရန် ပညာရေးမိသားစုများ အချင်းချင်း လက်တွဲဆောင်ရွက်ကြစေလို

ဆရာ၊ ဆရာမများ အနေဖြင့် ပညာရေး လုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိစေရန် ပညာရေးမိသားစုများ အချင်းချင်း လက်တွဲဆောင်ရွက်ကြစေလို

ကလော  မတ်  ၂

    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပသည့် ကလောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ပညာရေး လုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိစေရန် ပညာရေးမိသားစုများအချင်းချင်း အပြန်အလှန် လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကလောမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း (အင်းပြင်) အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းသို့သွားရောက်၍ စာတတ်မြောက်ရေး သင်ကြား သင်ယူနေမှုများကို ကြည့်ရှုအားပေးကာ စာသင်သားများနှင့် နည်းပြများကို   စာတတ်မြောက်ရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အေးသာယာ စက်မှု၊ စိုက်ပျိုး၊  မွေးမြူရေး အထက်တန်းကျောင်း ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေကိုကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။