အောင်သုခဓမ္မစကူးလ် ဗုဒ္ဓဘာသာသင်တန်းကျောင်း (၇)နှစ်ပြည့် နှစ်ပတ်လည်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

အောင်သုခဓမ္မစကူးလ် ဗုဒ္ဓဘာသာသင်တန်းကျောင်း (၇)နှစ်ပြည့် နှစ်ပတ်လည်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ လူမှုရေး

အောင်သုခဓမ္မစကူးလ်ဗုဒ္ဓဘာသာသင် တန်းကျောင်း၏ (၇)နှစ်ပြည့် နှစ်ပတ်လည်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၉၃)ရပ်ကွက်  အောင်သုခ ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ အောင်သုခပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္တိမာဝံထံမှ     အခမ်းအနား တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ  ဆရာတော် ဘဒ္ဒန္တစန္တိမာဝံက အောင်သုခဓမ္မစကူးလ်ဗုဒ္ဓဘာသာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ မိန့်ကြားပြီးနောက် သင်တန်းတွင် သင်ကြားပေးသော  ဆရာ၊  ဆရာမများအား  ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကာ  ဆုရကျောင်းသား၊  ကျောင်းသူများ အား ဆုများချီးမြှင့်ပေးသည်။

အောင်သုခဓမ္မစကူးလ်ဗုဒ္ဓဘာသာသင် တန်းကျောင်း၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆရာ၊ ဆရာမ ၃၂ ဦးကကျောင်းသား၊ ကျောင်းသူ ၅၆၀ ကျော်ကို သင်ကြားပေးလျက်ရှိပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ မူဝါဒများနှင့်အညီ အေးချမ်းသာယာသော  လူ့ဘောင်အဖွဲ့ အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ခေတ်မီသင်ကြားရေးစနစ်များအသုံးပြု၍ အနာဂတ်တွင် လူတော်လူကောင်းများ ပေါ်ထွန်း လာစေရန် အဓိကထား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

လင်းခန့်