စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၇၂ )

ဒါ့ကြောင့် အနည်းငယ်မျှ သက်သေထုတ်နုတ်ပြပါမယ်။ ၂၀၁၅ ခုနှစ်မှာ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေပါတယ်ဆိုတဲ့ CO2 အများဆုံးထုတ်နေပါ တယ်ဆိုတဲ့နိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေပဲ ဖြစ်နေတယ်ဆိုတာကို တန်းစီဖော်ပြပါမယ်။ နိုင်ငံဘေးမှာ  ယှဉ်ပြီးဖော်ပြထားတဲ့ဂဏန်းဟာ တစ်ကမ္ဘာလုံး CO2 ထုတ်လုပ်မှုရဲ့ရာခိုင်နှုန်းပါ။

တိရစ္ဆာန်မွေးမြူရေးအကြီးအကျယ်လုပ်နေတဲ့ နယူးဇီလန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယ်သာလန် စတဲ့နိုင်ငံတွေမှာ သိုး၊ နွား မွေးမြူရေးခြံကြီးတွေ ကနေ မီသိန်း (CH4) ထုတ်လွှတ်မှုအလွန်မြင့်နေပါတယ်။ မီသိန်းအထုတ် ဆုံးကတော့ သိုးမွေးမြူရေး ခြံတွေပါပဲ။ ဒါကြောင့် သိုးသားစားသုံးမှုနှုန်းမြင့် တဲ့ ဥရောပနိုင်ငံတွေဟာ CH4 ထုတ်လွှတ်မှုအများဆုံးဖြစ်အောင် အားပေး နေတဲ့နိုင်ငံတွေပါပဲ။  GHG  ထုတ်လွှတ်မှုထဲမှာ မီသိန်း (CH4) ဟာ ကမ္ဘာကြီးပူနွေးမှုကို ထက်ဝက်ခန့်အားပေးနေတာလည်း သိထားရပါမယ်။ တစ်ကမ္ဘာလုံး GHG ထုတ်နေတဲ့အထဲမှာ လျှပ်စစ်ဓာတ်အားကဏ္ဍက ၁၉ ရာခိုင်နှုန်းခန့်၊ လယ်ယာသားငါးကဏ္ဍက ၃၃ ရာခိုင်နှုန်းခန့်၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍက ၁၉ ရာခိုင်နှုန်းခန့်၊ စက်မှုလုပ်ငန်းများက ၁၆ ရာခိုင်နှုန်းခန့်၊ တောမီးနှင့် မြေပြုပြင်မှုများက ၁၀ ရာခိုင်နှုန်းခန့်၊ စွန့်ပစ် ပစ္စည်းများက ၃ ရာခိုင်နှုန်းခန့် အသီးသီးထုတ်လွှတ်နေတာကို နှစ်ပေါင်း ၂၀၀ ပျမ်းမျှလေ့လာမှုအရ တွေ့ရှိရတဲ့အတွက် ဒီနေ့ပြောနေတဲ့ ကမ္ဘာကြီး ပူနွေးလာတာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကြောင့်ဆိုတာ ရာနှုန်းပြည့် မမှန်ပါဘူး။  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့  CO2  လျှော့ချရေး ကျယ်ကျယ်လောင်လောင်ပြောနေတဲ့ နာမည်ကြီး ဥရောပနိုင်ငံတွေကရော

CO2  ဘယ်လောက်ထုတ်လွှတ်နေကြသလဲဆိုတာပါ အောက်ကဇယား မှာ တစ်လက်စတည်း ဖော်ပြချင်ပါတယ်။

အာဆီယံနိုင်ငံတွေထဲကရော CO ဘယ်လောက်များ ထုတ်နေကြ သလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ကိန်းဂဏန်းတွေ ကတော့-

အသီးသီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ထုတ်လွှတ်နေတဲ့ CO2 ဟာ တစ်ကမ္ဘာလုံးရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိပါတယ်လို့  ဖြေရမှာပါ။  ဒါဆိုရင် ဘာကြောင့် ဒီလောက်နည်းနေရတာလဲလို့ ထပ်မေးသင့်ပါတယ်။ အဓိကအကြောင်းကတော့ စက်မှုမဖွံ့ဖြိုး သေးတာရယ်၊ သစ်တောတွေ များများဖုံးလွှမ်းနေသေးတာရယ် ကြောင့်ပါပဲ။ ဖွံ့ဖြိုးမှုမြန်ရင် CO2 တက်လာတာသဘာဝပါ။ သံမဏိ စက်ရုံကြီးတွေလည်းမရှိ၊ ကြီးမားလှတဲ့ စက်ရုံကြီးတွေလည်းမရှိ၊ မော်တော်ကား၊ သင်္ဘော၊ ရထား၊ လေယာဉ်ပျံကစ   အစစအရာရာ   တည်ဆောက်ထုတ်လုပ်နေတာလည်း မရှိလို့ပါပဲ။

ဒါဆိုရင် ဒီ ၀ ဒသမ ၁ ရာခိုင်နှုန်းက  ဘယ်ကရောက်တာလဲလို့ မေးရင် အဲဒါတွေက သစ်တောတွေ မီးရှို့၊ ခုတ်ထွင် ရှင်းလင်း တာကြောင့်ရယ်၊ အိမ်တွေမှာ ထင်း၊ မီးသွေးတွေသုံးနေတာကြောင့်ရယ်၊ အချို့ စပါးကွင်း၊ လယ်ကွင်းတွေထဲမှာကျန်နေခဲ့တဲ့  ရိုးပြတ် တွေကို  မီးရှို့တာရယ်၊  ရွှေ့ပြောင်းတောင်ယာ စိုက်ခင်းတွေအတွက် နေရာသစ်မှာ  မီးရှို့ရှင်းလင်း ဖျက်ဆီးတာရယ်၊ လယ်ယာရိုးပြတ် တွေ ရေနဲ့ထိပြီး  မီသိန်းထွက်တာ ရယ်၊ တိရစ္ဆာန်မွေးမြူရေးတွေက မီသိန်းထွက်တာရယ်ပေါင်းပြီး ထုတ်လွှတ် နေတာပါပဲ။ စက်ရုံ၊ အလုပ်ရုံနဲ့ မော်တော်ယာဉ်တွေကနေ ထွက်တာက ၁၀ ရာခိုင်နှုန်းထက်မပိုပါဘူး။ 

ဆက်လက်ဖော်ပြပါမည်။